ငြိမ်းသူ
.
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ
ဆတ်ခြံ ဂွေးပင်၊ တောင်ဦး၊ ညောင်ပင်ခွနှင့် ပြေသာ ကျေးရွာ ၅ ရွာတို့တွင် သောက်သုံးရေရရှိရေးအတွက်
စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု၊ ရှမ်းပြည်နယ်အစိုးရ
ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.ထိုသို့ ဆောင်ရွက်ရာတွင် ဆတ်ခြံ၊ ဂွေးပင်၊
တောင်ဦးကျေးရွာ ၃ ရွာ သောက်သုံးရေရရှိရေးအတွက် အရှည် ၁၄/၄ မိုင်ရှိ
စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း၊ ဂါလံ ၁၀၀၀၀ ဆံ့ ရေစုကန်တစ်ကန်နှင့်
ဂါလံ ၅၀၀၀ ဆံ့ရေစုကန် ၃ ကန် တည်ဆောက်ခြင်း၊ ရေတားတမံတစ်ခုတည်ဆောက်ခြင်းလုပ်ငန်း၊
ညောင်ပင်ခွကျေးရွာတွင် အရှည် ၂ မိုင်ရှိ စိမ့်စမ်းရေ ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း၊
ပြေသာကျေးရွာတွင် အရှည်ပေ ၂၆၀၀ ရှိရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများကို ၂၀၂၀
-၂၀၂၁ ခုဘဏ္ဍာနှစ် ပြည်ထောင်စု၊ ရှမ်းပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေကျပ်သန်း ၁၈၀
ကျော်ဖြင့် တင်ဒါ အောင်မြင်သော ကုမ္ပဏီများမှ
အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွာငံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
မြို့နယ်ဦးစီးမှူး ဦးသိန်းမြတ်ထိုက် ထံက သိရသည်။
အဆိုပါ ကျေးရွာ ၅ ရွာတွင်သောက်သုံးရေရရှိရေး
စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး ပါက အိမ်ခြေ
၅၉၈ အိမ်မှ လူဦးရေ ၂၆၆၁ ဦးတို့ အတွက်ရာသီမရွေး သောက်သုံးရေရရှိရေး အကျိုးပြုမည်ဖြစ်ကြောင်း
သိရသည်။
.