စိုင်းမျိုးသန့် (မောက်မယ်)
.
လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊
ထီဟံခွီးကျေးရွာရှိ မီးဘေးသင့် အိမ်ထောင်စုအား နိုဝင်ဘာလ ၂၀ ရက်၊ နံနက်ပိုင်းက မြို့နယ်
သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရနှင့် အဖွဲ့က
သွားရောက်ထောက်ပံ့ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။
.
.
ထိုသို့ ထောက်ပံ့ရာတွင် မီးဘေးကြောင့်ပျက်စီးခဲ့သည့်
နေအိမ်အား လင်းခေးခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့သည့်
အိမ်ဆောက်ပစ္စည်းတန်ဖိုး ထောက်ပံ့ငွေကျပ် ၂၁ဝဝဝဝ ကျပ်၊ မြို့နယ်သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့်
အဖွဲ့ဝင်များမှ ၁၅၀၀၀ဝ ကျပ် စုစုပေါင်းတန်ဖိုး ၃၆၀၀ဝဝ ကျပ်ကို ထောက်ပံ့ပေးအပ် ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ထို့အပြင် မီးဘေးသင့် အိမ်ထောင်စုအတွက် မောက်မယ်မြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဟိုနမ့်ကျေးရွာ
အုပ်စု၊ စျေးကုန်းကျေးရွာမှ ထောက်ပံ့သည့် အဝတ်အထည်များ၊ အိုးခွက်ပန်းကန်
စသည့်မီးဖိုချောင် သုံးပစ္စည်းများ၊ စောင်၊
ခေါင်းအုံး၊ ခြင်ထောင် နှင့် စားသုံးကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊
ကြက်သွန်၊ ကုလားပဲ၊ အချိုမှုန့်၊ ခေါက်ဆွဲခြောက်၊ အသားဘူးများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့သည်ဟု
သိရသည်။
.
အဆိုပါ ထောက်ပံ့မှုကို မောက်မယ်မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ
ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးဟန်သူရ နှင့်အဖွဲ့ဝင်များ၊ မောက်မယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးခွန်ဟန်သိန်းဦးနှင့် လင်းခေးခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ
ဒုတိယဦးစီးမှူး ဦးယုနဟဲ တို့က ကျေးရွာအရောက် သွားရောက်ထောက်ပံ့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊ ထီဟံခွီးကျေးရွာရှိ
ဦးတ ၏ နေအိမ်တွင် နိုဝင်ဘာလ ၁၇ ရက်၊ ညပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.