မင်းဇော်မင်း
.
လွိုင်လင်ခရိုင်၊
နမ့်စန်မြို့လယ်လမ်းတစ်လျှောက်ရှိ လမ်းဘေးရေမြောင်းအဖုံးများကို ကိုယ်ထူကိုယ်ထ
ဆောင်ရွက် လျက်ရှိပြီး မြို့နယ်စည်ပင် သာယာရေးကော်မတီမှ အင်ဂျင်နီယာနည်းပညာနှင့်
ကြီးကြပ်မှုဖြင့် ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
.
.လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်
နမ့်စန်မြို့အဝင်မှ ကျိုင်းတုံမြို့ဘက်အထွက် မြို့နယ်ခန်းမအထိ လမ်းပိုင်း အရှည် ၂
မိုင်ကို နေမင်းရောင်ကုမ္ပဏီမှ ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်း
ဆောင်ရွက်မည်ဖြစ်ရာ လမ်းနှင့် ကိုက်ညီမည့် ရေမြောင်းနှင့် အဖုံးများ
ဖြစ်စေရန်အတွက် ကြိုတင်ဆောင်ရွက်နိုင်ရေး ဆော်ဩပေးလျက်ရှိကြောင်း နမ့်စန်မြို့နယ်စည်ပင်သာယာရေးကော်မတီ
ဥက္ကဋ္ဌ ဦးလှထွေး ထံက သိရသည်။
.
“အရင်က ဘဏ်တစ်ခုက လုပ်လိုက်တဲ့ ရေမြောင်းက
လမ်းပေါ်ရေရောက်စေတဲ့အတွက် ဘဏ်နဲ့ညှိနှိုင်းပြီး အသစ် ပြန်လုပ်ရာမှာ
နုန်းမတင်အောင် V-Shape နဲ့ အနက် ၃ ပေ၊ မြောင်းဖုံး ၂
ပေခွဲကို အသစ်ခင်းမယ့်လမ်းနဲ့ တခြား မြောင်း နေရာတွေကို
သတ်မှတ်တဲ့အတိုင်းဖြစ်အောင် အိမ်ရှင်တွေနဲ့ ညှိနှိုင်းလုပ်ဆောင်နေပါတယ်” ဟု
ဦးလှထွေးက ပြောသည်။
.
လုပ်ဆောင်နေသည့် ရေမြောင်းမှာ
အသစ်ခင်းမည့်လမ်းထက် ၆ လက်မခန့် ပိုမြင့်မှသာ ရေစီးရေလာ ကောင်းမွန်မည် ဖြစ်သဖြင့်
လတ်တလောတွင် ရှိရင်းလမ်းထက် ၁၅ လက်မခန့် မြင့်မားနေမည်ဖြစ်သော်လည်း
လမ်းခင်းပြီးပါက ၆ လက်မခန့်သာ ကျန်ရှိမည်ဖြစ်သည်ဟု သိရသည်။
.
နေမင်းရောင် ကုမ္ပဏီမှ အသစ်ခင်းမည့်လမ်းမှာ ၂၀၂၁
ခုနှစ်၊ ဇွန်လခန့်မှသာ စတင်လုပ်ဆောင်မည်ဖြစ်ရာ လက်ရှိ ကိုယ်ထူကိုယ်ထ
ရေမြောင်းနှင့် အဖုံးလုပ်ငန်းများအတွက် အချိန် ၇ လခန့် ကျန်ရှိသဖြင့်
ကြိုတင်ပြင်ဆင်နိုင်ရေး ဆော်ဩနေပြီး လိုအပ်သည်များကို စည်ပင်သာယာရေးကော်မတီမှ
ကူညီလုပ်ဆောင်ပေးလျက်ရှိသည်ဟု သိရသည်။
.
No comments:
Post a Comment