စောဦး (ရတနာမြေ)
.
နမ္မတူမြို့နယ်၊ မန်စံကျေးရွာအုပ်စု၊ နယ်မြေ (၇)
နေ လက်လုပ်မိုင်းထိလူနာတစ်ဦးအား နမ္မတူမြို့နယ် ပြန်လည် ထူထောင်ရေးဦးစီးဌာနက ယနေ့ နိုဝင်ဘာလ
၁၀ ရက်တွင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
.
.ထိုသို့ထောက်ပံ့ပေးအပ်ရာတွင်
နမ္မတူမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုဝေခိုင်က ဒဏ်ရာရ လူနာအတွက်
ပြန်လည်ထူထောင်ရေးထောက်ပံ့ငွေကျပ် ၂၀၀၀၀၀ အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မိုင်းထိလူနာသည် ပြီးခဲ့သည့် အောက်တိုဘာလ
၁၃ ရက်က လက်လုပ်မိုင်းထိပြီး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.