ကမ္ဘောဇတိုင်း
.
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဟောင်ကြန့်ကျေးရွာအုပ်စုရှိ
မဲရုံတစ်ရုံတွင် တံဆိပ်တုံးအတုဖြင့် မဲလာပေးသူကို ဖမ်းဆီးထားကြောင်း သိရသည်။
.
.“အဲဒီလူကို ကျွန်တော်တို့ ရဲစခန်းမှာ
ထိန်းသိမ်းထားပါတယ်။ မဲရုံမှူးအနေနဲ့ ရွေးကောက်ပွဲ ဥပဒေအရ သူ့ကို အမှုဖွင့်
တိုင်တန်းဖို့ စီစဉ်ထားပါတယ်” ဟု မိုင်းယောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ
တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
မဲပေးမှုများကို ယနေ့ နိုဝင်ဘာလ ၈ ရက်၊ နံနက် ၆ နာရီ အချိန်မှ စတင်၍ မဲရုံအသီးသီးတွင်
ဆန္ဒမဲပေး ရွေးချယ်နေကြခြင်းဖြစ်ကြောင်း သိရသည်။
.