ကိုစိုး (ကမ္ဘောဇတိုင်း)
.
နတ်တော်လဆန်း ၈ ရက် (ဒီဇင်ဘာလ ၂၂ ရက်) တွင် ကျရောက်မည့် တတိယအကြိမ်မြောက်
ဓနုအမျိုးသားနေ့အခမ်းအနားကို COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု
အခြေအနေများအရ ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ ပြင်သာ ဘုန်းတော်ကြီးကျောင်းတွင် အကျဉ်းရုံးသာ
ပြုလုပ်နိုင်မည်ဖြစ်သည်ဟု သိရသည်။
.
![]() |
နောင်ချိုမြို့တွင် ဒုတိယအကြိမ်မြောက် ဓနုအမျိုးသားနေ့ အခမ်းအနား ပြုလုပ်စဉ် |
“ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း
လုပ်ရမှာဆိုတော့ အကြီးအကျယ်တော့ လုပ်ဖို့ မရှိပါဘူး။ ကျေးရွာအသီးသီးကိုလည်း ဖိတ်ကြားတာတော့
မရှိတော့ဘူး။ ဗဟိုကော်မတီကနေပဲ တစ်မြို့နယ်ကို ၅ ဦး လောက်ဖိတ်ပြီး အခမ်းအနားလေးတစ်ခု
လုပ်ဖို့ရှိမယ်။ စာအောင် သံဃာတော် အပါး ၅၀ လောက်ကို ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနား ပြုလုပ်မယ်။
ပထမအကြိမ်၊ ဒုတိယအကြိမ်လိုတော့ မလုပ်နိုင်ပါဘူး။ အခမ်း အနား ၃ ခုတော့ လုပ်ဖို့ ရှိမယ်။
တစ်ခုကို လူ ၅၀ ထက် မကျော်တဲ့ အခမ်းအနားတွေပဲ လုပ်သွားမှာပါ။ အကျဉ်းပဲ လုပ်သွားမှာပါ”
ဟု ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ် မှ ဦးမင်းလွင်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
နှစ်စဉ် နတ်တော်လဆန်း ၈ ရက်နေ့ကို ဓနုအမျိုးသားနေ့အဖြစ်
သတ်မှတ်ထားပြီး ပထမအကြိမ် ဓနု အမျိုးသားနေ့ ကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့တွင် လည်းကောင်း၊
ဒုတိယအကြိမ် ဓနုအမျိုးသားနေ့ကို ၂၀၁၉ ခုနှစ်က ကျောက်မဲခရိုင်၊ နောင်ချိုမြို့တွင်လည်းကောင်း
ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
.
၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေ
အခန်း (၂) နိုင်ငံ တော်ဖွဲ့စည်းတည်ဆောက်ပုံ၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ (ခ) တွင်
ရှမ်းပြည်နယ်ရှိ ရွာငံနှင့် ပင်းတယမြို့နယ်တို့ကို စု စည်းပြီး
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအဖြစ် ဖွဲ့စည်း သတ်မှတ် ကြောင်း ပြဌာန်းထားပြီး
ဓနုတိုင်း ရင်းသားများသည် အဆိုပါ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ မြို့
နယ် ၂ ခုအပြင် မြန်မာနိုင်ငံ နေရာ အနှံ့အပြားတွင် ပြန့်ကျဲ နေထိုင် လျက်ရှိကြောင်း
သိရသည်။
.