ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ဆီဘူးကျေးရွာမှ ကရင်ပြည်နယ်၊
လိပ်သိုမြို့နယ်၊ ယာဒိုကျေးရွာသို့ သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၆ သိန်းကျော်အား
နိုဝင်ဘာလ ၂၇ ရက်က ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု
သိရသည်။
.
.မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော
ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ဆီဘူးကျေးရွာမှ
ကရင်ပြည်နယ်၊ လိပ်သိုမြို့နယ်၊ ယာဒိုကျေးရွာအထိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာကြောင်း
သတင်းအရ နိုဝင်ဘာလ ၂၇ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်တွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊
ယပ်ခူကျေးရွာအနီး၌ ရှေ့ပြေး မောင်းနှင်လာသည့် Mark-II
ယာဉ်ကို ဖမ်းဆီးရမိခဲ့ပြီး စိုင်းခင်လှ (ခ) ခင်လှ မောင်းနှင်ပြီး
ထွန်းကျင် (ခ) ထွန်းစိန်နှင့် ခိုင်ကိုထွန်း (ခ) ခိုင်ကိုတို့ ၃
ဦးလိုက်ပါလာကြောင်း သိရသည်။
.
ထို့နောက် ၎င်းယာဉ်ဖြင့်အသွင်ယူ၍
မူးယစ်ဆေးဝါးသိုဝှက်သယ်ဆောင်ထားသည့် CANTA အမျိုးအစား
မော်တော်ယာဉ်ကို လျှို့ဝှက်လိုက်ပါ စောင့်ကြည့်ခဲ့ရာ လိပ်သို-ယာဒိုမှတစ်ဆင့်
တောင်ငူ-ပဲခူး-ရန်ကုန် အထိ ဆက်လက်မောင်းနှင်လာခဲ့ကြောင်း သိရသဖြင့် အဆိုပါ
မော်တော်ယာဉ်အားနိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁ နာရီတွင် ရန်ကုန်-နေပြည်တော်အမြန်လမ်း၊
ရန်ကုန်တိုးဂိတ်အနီးတွင် စစ်ဆေးရှာဖွေရာ ယာဉ်မောင်း ပန်းပန်း နှင့်အတူ CANTA
ယာဉ်ကိုယ်ထည်ကြမ်းခင်း အောက်တွင်
အံဝှက်ပြုလုပ်ထည့်သွင်းသယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၆၆၀၀၀၀ ပြား
သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ဆက်လက်ပြီး ရန်ကုန်မြို့မှ မူးယစ်ဆေးဝါးလက်ခံမည့်သူများကို ၎င်းတို့ပေးထားသည့်
ဖုန်းနံပါတ်များ အတိုင်းချိတ်ဆက် ဆက်သွယ်ရာ ယာဉ်အား လှိုင်သာယာမြို့နယ်အတွင်းအထိ မောင်းလာခိုင်းသဖြင့်
ဆက်လက် မောင်းနှင်ပြီးညနေ ၄ နာရီခွဲခန့်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀၀၀
ပြားလက်ခံယူမည့် မင်းမင်း(ခ) အောင်အောင် အား မော်တော်ယာဉ်တစ်စီးနှင့်အတူ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊
မွေးမြူရေးဇုန်၊ ရွှေရင်အေးကျောင်း (၃) လမ်းပေါ်တွင်လည်းကောင်း၊
၎င်းအားမူးယစ်ဆေးဝါးများသွားရောက်ယူဆောင်ခိုင်းသည့် ဇဝေလ အား အင်းစိန်မြို့နယ်၊
မြို့သစ် (ဂ) ရပ်ကွက်၊ လာဘ်မိုးဆွေ (၁) လမ်း၊ အမှတ် (၃၆) တွင်လည်းကောင်း၊
စိတ်ကြွရူးသွပ်ဆေးပြား ၁၆၆၀၀၀၀ ပြားအားလက်ခံယူမည့် ကိုမျိုး (ခ) မျိုးသိုက်နှင့်
ထွန်းထွန်းနိုင် (ခ) ထွန်းမောင်တို့ ၂ ဦးအား မော်တော်ယာဉ်တစ်စီးနှင့်အတူ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊
မွေးမြူရေးဇုန်၊ ရွှေရင်အေးကျောင်း (၃) လမ်းပေါ်တွင်လည်းကောင်းအသီးသီးဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ စိုင်းခင်လှ (ခ)
ခင်လှ၊ ထွန်းကျင် (ခ) ထွန်းစိန်၊ ခိုင်ကိုထွန်း (ခ) ခိုင်ကို၊ ပန်းပန်း၊ မင်းမင်း (ခ)
အောင်အောင်၊ ဇဝေလ၊ ကိုမျိုး (ခ) မျိုးသိုက်၊ ထွန်းထွန်နိုင် (ခ) ထွန်းမောင်တို့အား
ဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
အလားတူ နိုဝင်ဘာလ ၂၉ ရက်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့အထွက် ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်မှ မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀၀၀ အား သယ်ဆောင်လာသူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
No comments:
Post a Comment