ခွန်သန်းအောင်
.
ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ကမ္ဘားနီကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာအနီးတွင်
ယနေ့ နိုဝင်ဘာလ ၁ ရက်၊ ညနေပိုင်းက ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှ နေအိမ်မီးလောင်မှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
ညောင်ကုန်းကျေးရွာနေ ထိုက်အောင်သည် နိုဝင်ဘာလ ၁ ရက်၊ ညနေ
၆ နာရီအချိန်ခန့်က နေအိမ်ရှိ ဘုရားစင်တွင် ဖယောင်းတိုင်မီးဖြင့် ဘုရားမီး ပူဇော်ခဲ့ပြီး
ကျေးရွာအတွင်းရှိ ကွမ်းယာဆိုင်တွင် ကွမ်းဝယ်ရန် သွားရောက်စဉ် ဖယောင်းတိုင်မီးမှ နေအိမ်အား
မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မီးလောင်မှုကြောင့် အိမ်ရှင် ထိုက်အောင်၏ သွပ်မိုး၊
ထရံကာ၊ ပျဉ်ခင်း တဲအိမ် မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၆၀၀၀၀ ခန့်ရှိကာ
မီးလောင်မှုဖြစ်ပွားရာသို့ အောင်ပန်းမီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင် ၆ ဦး၊ မီးသတ်ယာဉ်
၁ စီးနှင့် ရပ်ကွက်နေ ပြည်သူများအားဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီခွဲခန့်တွင်
မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
.
မီးလောင်မှုနှင့် ပတ်သက်၍ မီးပေါ့ဆစွာအသုံးပြုသူ ထိုက်အောင်အား
အောင်ပန်းနယ်မြေ ရဲစခန်းတွင် ၁၇၀/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ရေးယူဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.