နမ္မတူမြို့နယ်ရှိ တိုက်ပွဲရှောင်စခန်း ၃ ခုမှ အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, November 20, 2020

နမ္မတူမြို့နယ်ရှိ တိုက်ပွဲရှောင်စခန်း ၃ ခုမှ အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့

စောဦး (ရတနာမြေ)

.

နမ္မတူမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်း ၃ ခုမှ အိမ်ထောင်စု ၁၂၂ စုတို့အား နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက နိုဝင်ဘာလ ၁၉ ရက်၊ ညနေပိုင်းတွင် အခြေခံစားသောက်ကုန် ၄ မျိုးတို့အား ထောက်ပံ့ခဲ့ သည်ဟု သိရသည်။

.

.

ထိုသို့ အခြေခံစားသောက်ကုန်များ ထောက်ပံ့ရာတွင် နမ္မတူမြိုန့ယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးမင်းဇော်၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရုံးတာဝန်ခံ ဒေါ်မြတ်သူနှင်းနှင့် နမ္မတူ မြို့နယ် တိုက်ပွဲရှောင်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်တို့က တိုက်ပွဲရှောင်အိမ်ထောင်စုများအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ထောက်ပံ့မှုတွင် နမ္မတူမြို့နယ်အတွင်းရှိ လီဆူတိုက်ပွဲရှောင်စခန်း၊ ကချင်တိုက်ပွဲရှောင်စခန်းနှင့် ကြူဆော့ တိုက်ပွဲရှောင်စခန်းရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၁၂၂ စု၊ လူဦးရေ ၅၅၅ ဦးအတွက် တစ်အိမ်ထောင်လျှင် ဆီ ၁ ပိဿာ၊ ဆား ၅၀ ကျပ်သား၊ ကုလားပဲ ၁ ပိဿာနှုန်းဖြင့် စုစုပေါင်း ဆီ ၁၂၂ ပိဿာ၊ ဆား ၆၁ ပိဿာ၊ ကုလားပဲ ၁၂၂ ပိဿာနှင့် ဆန် ၈၁ အိတ်တို့အား ထောက်ပံ့ခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About