ခွန်သန်းအောင်
.
ကလောမြို့နယ်၊ အောင်ပန်းမြို့၊ မိုးကောင်းရပ်ကွက်၊ နယ်မြေ(၆)၊ ပြည်သာယာဈေး (အောက်ဈေး)သွား ကားလမ်းအနီး တံတားအောက်ရှိ ရေ မရှိသော မြောင်းဘေးတွင် ယနေ့ (နိုဝင်ဘာလ ၂၂ ရက်)၊ နံနက် ၉ နာရီခန့်က သေဆုံးနေသည့် အမျိုးသား အလောင်း တွေ့ရှိကြောင်း သိရသည်။
.
ရုပ်အလောင်း တွေ့ရှိကြောင်း သတင်းအရ တာဝန်ရှိသူများက သွားရောက် စစ်ဆေးရာ အသက် ၃၅ နှစ်ခန့် အရွယ် အမျိုးသားသည် ပက်လက် အနေအထားဖြင့် ပြင်ပဒဏ်ရာ တစ်စုံတရာ မရှိဘဲ အအေးပတ် သေဆုံးသည်ကို စစ်ဆေး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သေဆုံးသူ၏ အမည်နှင့် နေရပ်လိပ်စာအား သိရှိရခြင်း မရှိသေးဘဲ ၎င်းသည် စိတ်ကျန်းမာရေး ချို့ယွင်းသူ တစ်ဦးဖြစ်သည်ဟု ဒေသခံများထံမှ သိရပြီး ရုပ်အလောင်းအား အောင်ပန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
No comments:
Post a Comment