မင်းဇော်မင်း
.
တာချီလိတ်မြို့နယ်၊ မယ်လိတ်-ပါကော်ကျေးရွာသွားလမ်းတွင်
ယနေ့ နိုဝင်ဘာလ ၂၃ ရက်၊ နံနက်ပိုင်းက မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသည့် ကဖင်းမူးယစ်ဆေး
အလေးချိန် ကီလို ၁၀၀၀ ခန့်အား ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ထွက်ပြေးတိမ်းရှောင်နေကြောင်း
သိရသည်။
.
.တာချီလိတ်မြို့နယ်၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်ကို
ရှောင်ကွင်းသွားလာနိုင်သည့် မယ်လိတ်-ပါကော်ကျေးရွာ လမ်းဘက်မှ ဝမ်ဆောက်ခုံကျေးရွာဘက်သွားရာ
တောလမ်းတွင် နိုဝင်ဘာလ ၂၃ ရက်၊ နံနက် ၅ နာရီခန့်က မသင်္ကာ ဖွယ် မော်တော်ယာဉ်တစ်စီး
မောင်းနှင်သွားကြောင်း သတင်းအရ တာချီလိတ်မူးယစ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
သက်သေများနှင့်အတူ လိုက်လံရှာဖွေရာ အဆိုပါ ရှောင်ကွင်းလမ်းဆုံ၊ လွမ်းစေတီဘုရားအရောက်
တွင် ယင်းမော်တော်ယာဉ်မှာ မယ်လိတ်-ပါကော်ကျေးရွာဘက်မှ တာချီလိတ်မြို့တွင်းဘက်သို့ မောင်းနှင်ထွက်ပြေး
သဖြင့် လိုက်လံပိတ်ဆို့ ဖမ်းဆီးခဲ့ရာ မော်တော်ယာဉ်မှာ ရပ်တန့်သွားခဲ့ပြီး ယာဉ်ပေါ်မှ
အမျိုးသားတစ်ဦးသည် လမ်းဘေး ကိုင်းတောများအတွင်းသို့ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း
သိရသည်။
.
သို့ဖြစ်၍ အဆိုပါ မော်တော်ယာဉ်အား သက်သေများနှင့်အတူ
စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် ဆာလာအိတ်များဖြင့် ထည့်ထားသည့် ကဖင်းဟု ယူဆရသော အဖြူရောင်အမှုန့်
အလေးချိန် ကီလို ၁၀၀၀ ခန့်အား ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမှုနှင့် ပတ်သက်၍
တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့်
အမှုဖွင့်ပြီး ထွက်ပြေးလွတ်မြောက်နေသူအား ဖမ်းဆီးရမိရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
No comments:
Post a Comment