မင်းဇော်မင်း
.
တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ယနေ့ နိုဝင်ဘာလ
၂၉ ရက်၊ နံနက်ပိုင်းက တရားမဝင် ဝင်ရောက်လာသည့် ခိုးဝင် တရုတ်နိုင်ငံသား ၁၂ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
.တပ်မတော်စစ်ကြောင်းနှင့်ပူးပေါင်းအဖွဲ့သည်
ကျိုင်းလပ်မြို့နယ်အတွင်းနယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ယင်း တရုတ် နိုင်ငံသား ၁၂
ဦးအား တွေ့ရှိရသဖြင့် စစ်ဆေးရာ တရားမဝင်ခိုးဝင်လာသူ တရုတ်နိုင်ငံသားများဖြစ်ကြောင်း
စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှာ တာချီလိတ်မြို့ရှိ KTV နှင့်လောင်းကစားရုံများတွင် အလုပ်လုပ်ကိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု
သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား အမျိုးသား
၉ ဦးနှင့် အမျိုးသမီး ၃ ဦးတို့အား မိုင်းပါလျိုးနယ်မြေရဲစခန်းတွင် အပ်နှံကာ ဥပဒေအရ
အမှုဖွင့်အရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျိုင်းလပ်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှူး ဦးစိုင်းသန်းထွန်းထံသို့ ဆက်သွယ်မေးမြန်းရာတွင် ဖုန်းစက်ပိတ်ထားသည့်အတွက်
ဆက်သွယ်၍ မရခဲ့ချေ။
.
No comments:
Post a Comment