မင်းဇော်မင်း
.
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်ရှိ ဒုတိယကမ္ဘာစစ်အတွင်းက
တည်ဆောက်ခဲ့သည့် ရွှေလီမြစ်ကူးကြိုးတံတားဟောင်း သည် ယနေ့ နိုဝင်ဘာလ ၂၃ ရက်၊ နေ့လယ်
၁၂ နာရီခန့်က မြစ်အတွင်းသို့ ပြိုကျပျက်စီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
.
![]() |
ဓါတ်ပုံ - စိုင်တွမ် |
ယင်း ရွှေလီမြစ်ကူး ကြိုးတံတားဟောင်းသည် ဘေလီကြိုးတံတားဖြစ်ပြီး
၁၉၄၂ ခုနှစ်နောက်ပိုင်း ဒုတိယကမ္ဘာစစ် အတွင်းက ဗြိတိသျှ တပ်များမှ ၇ ရက်အတွင်း
တည်ဆောက်ခဲ့သည့် တံတားတစ်စင်းဖြစ်သည်ဟု နမ့်ခမ်းဒေသခံ ဒေါက်တာ စိုင်းကျော်အုန်း ထံက
သိရသည်။
.
“အရင်ကတော့ သုံးတယ်။ နောက်ပိုင်း တံတားအသစ်ရှိလာပြီးနောက်
မသုံးတော့ပေမဲ့ ခြေလျင်တော့ သွားလာနေ ကြတာရှိတယ်။ မသုံးတော့တာ သိပ်မကြာသေးဘူး” ဟု ဒေါက်တာ
စိုင်းကျော်အုန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ရွှေလီမြစ်ကူး ကြိုးတံတားဟောင်းသည် အရှည်
ပေ ၃၀၀ ခန့်ရှိပြီး တစ်လမ်းသွား အနေဖြင့် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် ခန့်အထိ အသုံးပြုခဲ့ကာ
ယင်းတံတားမှတစ်ဆင့် မန်ဝိန်းကြီးဘက်ရှိ ဟန်ကမ်း ကျေးရွာသို့ သွားရောက်နိုင် ကြောင်း
သိရသည်။
.
.