အေးသာယာတွင် အရှိန်မထိန်းနိုင်သော မော်တော်ယာဉ်မှ ဓါတ်တိုင်အား ဝင်တိုက်မိပြီး ယာဉ်မောင်း သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, November 21, 2020

အေးသာယာတွင် အရှိန်မထိန်းနိုင်သော မော်တော်ယာဉ်မှ ဓါတ်တိုင်အား ဝင်တိုက်မိပြီး ယာဉ်မောင်း သေဆုံး

စုလှိုင်

.

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယနေ့ နိုဝင်ဘာလ ၂၁ ရက်၊ နံနက်ပိုင်းက အရှိန်မထိန်းနိုင်သော မော်တော်ယာဉ်မှ လမ်းဘေးရှိ ဓါတ်တိုင်အား ဝင်ရောက်တိုက်မိခဲ့ပြီး ယာဉ်မောင်းသူ သေဆုံးခဲ့ ကြောင်း သိရသည်။

.

.

တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်နေ ယာဉ်မောင်း ရဲဝင်းထွဋ် (၂၉ နှစ်) သည် နိုဝင်ဘာလ ၂၁ ရက်၊ နံနက် ၅ နာရီ ၁၅ မိနစ်ခန့်က Honda Fit အမျိုးအစား အဖြူရောင်ယာဉ်ဖြင့် ပြည်ထောင်စုလမ်းမကြီးအတိုင်း တောင်ကြီးမြို့ဘက်မှ ရွှေညောင်မြို့ဘက်သို့ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် (၁၀၇/၅) နှင့် (၁၀၇/၆) အကြား၊ အေးသာယာဂေါက်ကွင်းရှေ့ အ‌ရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်ခြမ်းသို့ ရောက်ရှိကာ လမ်းဘေး ဓါတ်တိုင်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်း ရဲဝင်းထွဋ်သည် ကား၏ ယာဘက်ခြမ်း အပြင်ဘက်သို့ လွင့်စင် ထွက်ကျပြီး နဖူးပွန်းခြစ်၊ ယာဂျိုစောင်း ဖူးရောင် ဒဏ်ရာရရှိကာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

.

ယာဉ်တိုက်မှုနှင့် ပတ်သက်၍ မော်တော်ယာဉ်အား မဆင်မခြင် မောင်းနှင်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ခြမ်းရှိ ဓာတ်တိုင်အား ဝင်တိုက်မိကာ မိမိကိုယ်ကို သေဆုံးစေခဲ့သူ ယာဉ်မောင်း ရဲဝင်းထွဋ် အား အေးသာယာနယ်မြေရဲစခန်း တွင် ယာဉ် (ပ) ၃၁/ ၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About