ခွန်သန်းအောင်
.
ကလောမြို့နယ်၊ နန့်ပန်တက်ကျေးရွာ၊ နန့်ပန်တက်တံတားအနီးတွင်
ယနေ့ နိုဝင်ဘာလ ၆ ရက်၊ နံနက် ၁၁ နာရီခွဲ အချိန်က အရှိန်မထိန်းနိုင်သော မော်တော်ယာဉ်မှ
တွဲယာဉ်အား ဝင်ရောက်တိုက်မိခဲ့ပြီး ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့ ကြောင်း သိရသည်။
.
.မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နေ ယာဉ်မောင်း
စိုးမိုးခိုင် မောင်းနှင်ပြီး မကွေးတိုင်းဒေသကြီး၊ နတ်မောက် မြို့နယ်နေ သောင်းထွန်းနှင့်
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်နေ နေမျိုးအောင်တို့ လိုက်ပါစီးနင်းလာသော CANTER
အမျိုးအစား ဖြူ/ဝါရောင်ယာဉ်သည် နိုဝင်ဘာလ ၆ ရက်၊ နံနက်ပိုင်းက ပြည်ထောင်စုလမ်းမကြီးအတိုင်း
ကလောဘက်မှ သာစည်ဘက်သို့ မောင်းနှင်လာစဉ် နန့်ပန်တက်တံတားအနီး၊ မိုင်တိုင်အမှတ် (၅၃/၄)
နှင့် (၅၃/၅) ကြား အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လားရာတူ အရှေ့မှ ပြည်ကြီးတံခွန်မြို့နယ်၊
မန္တလေးတိုင်းဒေသကြီးနေ ယာဉ်မောင်း သောင်းဟန် မောင်းနှင်လာသည့် ၂၂ ဘီး တွဲယာဉ်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း စိုးမိုးခိုင်တွင်
ဝဲရင်ဘတ် ညိုမဲဒဏ်ရာ၊ ဝဲခြေသလုံး ဖုရောင်ဒဏ်ရာများ ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း
သိရသည်။
.
ယာဉ်တိုက်မှုနှင့် ပတ်သက်၍ မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်ပြီး
အရှိန်မထိန်းနိုင်ဘဲ ရှေ့မှမောင်းနှင် နေသော ယာဉ်အား ဝင်ရောက်တိုက်မိသဖြင့် မိမိကိုယ်ကိုယ်
ဒဏ်ရာရသေဆုံးစေသူ ယာဉ်မောင်း စိုးမိုးခိုင်အား ကလောမြို့မရဲစခန်းတွင် ယာဉ် (ပ)၃၀/၂၀၂၀၊
ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၀၄-က ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.