မိုင်းယောင်းတွင် ဆောင်းသီးနှံများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, November 26, 2020

မိုင်းယောင်းတွင် ဆောင်းသီးနှံများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

အားချာ

.

တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း မိုးစပါးရိတ်သိမ်းပြီးချိန်၌ တောင်သူများမှ ဆောင်းသီးနှံများ ဆက်လက် စိုက်ပျိုးလျက်ရှိရာ ယခုအခါ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

.

.

“အခုချိန်က COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ ဖြစ်တဲ့အတွက် လတ်ဆတ်တဲ့ ခြံထွက်သီးနှံတွေကို အားထားပြီး စားသုံးကြတဲ့အတွက် လယ်ယာလုပ်ငန်းခွင် ရိတ်သိမ်းပြီးချိန်မှာ လယ်ကွင်းထဲမှာပဲ ဆောင်းသီးနှံကို ဆက်လက် စိုက်ပျိုးကြတာဖြစ်ပါတယ်။ စိုက်တဲ့အခါမှာလည်း စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းတွေက ကွင်းဆင်းပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

.
မိုင်းယောင်းမြို့နယ်တွင် စားဖိုဆောင်အတွက် ဆောင်းသီးနှံများဖြစ်သည့် ငရုတ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း (ဂျင်း)၊ နနွင်းနှင့် ဟင်းသီးဟင်းရွက်များဖြစ်သည့် ဂေါ်ဖီထုပ်၊ မုန်ညှင်း၊ နံနံ၊ ကိုက်လန်၊ ကန်စွန်း၊ ချဉ်ပေါင်၊ ခရမ်း၊ ဖရုံ၊ ဘူး၊ ရုံးပတီနှင့် ပဲအမျိုးမျိုး စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats