ကမ္ဘောဇတိုင်း
.
တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်နိုင်
(၁) ကျေးရွာတွင် နိုဝင်ဘာလ ၂၆ ရက်၊ ညနေပိုင်းက အမျိုးသား တစ်ဦး မိမိကိုယ်ကို ဓါးဖြင့်
ထိုးသွင်းသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.မိုင်းကိုးကျေးရွာအုပ်စု၊ ရန်နိုင် (၁) ကျေးရွာနေ
အောင်ကျော်ကျော်သည် နိုဝင်ဘာလ ၂၆ ရက်၊ ညနေပိုင်းက အိမ်ချင်း ကပ်လျက် နေသူအခန်းမှ အော်ဟစ်သံ
ကြားသဖြင့် သွားရောက်ကြည့်ရှုရာ သေဆုံးသူမှာ ပက်လက်အနေအထား ဖြင့် ဝမ်းဗိုက်အလယ်တွင်
ဓါးထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် အော်ဟစ်နေပြီး ၎င်း၏ အနီးတွင် အရိုးအသွား ၁၄ လက်မခွဲ
ခန့်ရှိ ဓါးဦးချွန်တစ်ချောင်းအား တွေ့ရှိသဖြင့် သေဆုံးသူ၏ အဖိုးဖြစ်သူ ဦးဖူးဂေ့အား
သွားရောက်ခေါ်ဆောင်၍ ထပ်မံ ကြည့်ရှုရာမှ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း
သိရသည်။
.
သေဆုံးသူသည် အသက် ၃၀ အရွယ်ရှိ ထွန်းစိန် ဆိုသူဖြစ်ပြီး
၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ဟောင်လိတ်နယ်မြေ ရဲစခန်းတွင် (ပ) ၃၀/၂၀၂၀၊
ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၉ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.