မင်းဇော်မင်း
.
လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ စုံလောကျေးရွာဘုန်းတော်ကြီးကျောင်းတွင်
ယနေ့ နိုဝင်ဘာလ ၂၆ ရက်၊ နံနက်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
![]() |
ဓါတ်ပုံ - နန်းလှိုင်လှိုင်ဦး |
“ဘုရားမီးပူဇော်တဲ့ ဖယောင်းတိုင်မီးလို့ သိရတယ်။
ဘာမှတော့ အထိအခိုက်မရှိပါဘူး” ဟု မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ် (၂) မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
ဦးစိုင်းလုံက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
စုံလောကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဖယောင်းတိုင်ဖြင့်
ဘုရားမီးပူဇော်ရာမှ နိုဝင်ဘာလ ၂၆ ရက်၊ နံနက် ၄ နာရီခွဲခန့်က ဘုရားစင်အား မီးကူးစက်ပြီး
မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။
.
မီးလောင်မှုကြောင့် အလျား ပေ ၆၀၊ အနံ ပေ ၄၀၊ သွပ်မိုး၊
ပျဉ်ခင်း၊ ပျဉ်ထောင်၊ ခြေတံရှည်ဘုန်းတော်ကြီးကျောင်း တစ်ဆောင်လုံး မီးလောင်ကျွမ်းခဲ့ပြီး
ကျေးရွာနေပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီခွဲတွင် မီးငြှိမ်း နိုင်ခဲ့ပြီး
လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရ သေဆုံးမှု မရှိကြောင်း သိရသည်။
.
အဆိုပါ စုံလောကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် သံဃာတော်
၁၄ ပါး သီတင်းသုံးနေပြီး မီးလွတ်ရာသို့ တိမ်းရှောင် နိုင်ခဲ့သော်လည်း ကျောင်းတွင်းပစ္စည်းများအားလုံး
မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
.
No comments:
Post a Comment