ကျောက်မဲမြို့နယ်တွင် ဆန္ဒပြုမဲလက်မှတ်နှင့် မဲရုံသုံးပစ္စည်းများ စတင်ထုတ်ပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, November 4, 2020

ကျောက်မဲမြို့နယ်တွင် ဆန္ဒပြုမဲလက်မှတ်နှင့် မဲရုံသုံးပစ္စည်းများ စတင်ထုတ်ပေး

မိုင်းထွန်း

.

ကျောက်မဲမြို့နယ်တွင် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံများတွင် အသုံးပြုရန် ဆန္ဒပြု မဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်း များကို ယမန်နေ့ နိုဝင်ဘာလ ၃ ရက်၊ ညနေပိုင်းမှ စတင်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

.

.

ယင်းကဲ့သို့ မဲရုံသုံးပစ္စည်းများထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးစိုးထွန်းကကြီးကြပ်ပြီး မြို့နယ်ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက သက်ဆိုင်ရာရပ်ကွက် ၊ ကျေး ရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့အား ဆန္ဒပြုမဲလက်မှတ်များ၊ မဲပုံး၊ လုံခြုံရေးကြိုး၊ ဆန္ဒပြုတံဆိပ်တုံး၊ ဆန္ဒပြုခန်း၊ မှင်ဘူး စသည့် မဲရုံသုံးပစ္စည်း ၁၉ မျိုး၊  COVID-19 ရောဂါကာကွယ်ရေးသုံးပစ္စည်းများနှင့် ရွေးကောက်ပွဲတွင် အသုံးပြုရမည့် သတ်မှတ်ပုံစံများကို ထုတ်ပေးခဲ့ကြောင်း သိရသည်။

.

ကျောက်မဲမြို့နယ်တွင် ရပ်ကွက် ၂၀ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၈ အုပ်စု ၌ သာ ရွေးကောက်ပွဲ ကျင်းပနိုင်မည် ဖြစ်ပြီး မဲရုံပေါင်း ၉၉ ရုံနှင့် မဲဆန္ဒရှင် စုစုပေါင်း ၁၁၈၀၉၅ ဦးရှိ ကြောင်း  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About