တောင်ကြီးမြို့၊ ဝါးပြားလမ်းဆုံတွင် အဝိုင်းပတ် ပြုလုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ ဝါးပြားလမ်းဆုံတွင် အဝိုင်းပတ် ပြုလုပ်မည်

စုလှိုင်

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းရှိ ဝါးပြားလမ်းဆုံ နေရာတွင် အဝိုင်းပတ် ပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ထံက သိရသည်။

.

.

“ဝါးပြားလမ်းဆုံမှာ အဝိုင်းပတ်တော့ လုပ်ရမယ်။ လမ်း ၅ ဆုံ ဖြစ်နေတဲ့အခါ အဝင်အထွက် ဘယ်လိုလုပ်ရမယ် ဆိုတာ မကြည့်တတ်ဘူး ဖြစ်နေတယ်။ ပညာရှင်တွေနဲ့ ဆွေးနွေးပြီး ဘယ်လိုဒီဇိုင်းထုတ်ရမယ်ဆိုတာ ဝိုင်းစဉ်းစားရမှာပါ” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ ဝါးပြားလမ်းဆုံနေရာသည် အနောက်မြို့ပတ်လမ်း၊ ဂနိုင်ကန်လမ်း၊ ဝါးပြားအတက်လမ်းနှင့် ရှုခင်းသာလမ်း တို့ ဆုံရာတွင် တည်ရှိပြီး ယာဉ်အသွားအလာ ရှုပ်ထွေးများပြားသည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

.

“အနောက်မြို့ပတ်လမ်းမှာ လုပ်မှာဆိုတော့ တွဲကားတွေသွားတဲ့အချိန် အဆင်ပြေအောင် စဉ်းစားရမှာပေါ့။ နောက်ပြီး အဝိုင်းပတ် လုပ်လိုက်တာနဲ့ ဒီဝါးပြားလမ်းဆုံမှာ ဂိတ်ထိုးတဲ့ Taxi ကားတွေ အတွက်လည်း နေရာ အခက်အခဲ ဖြစ်သွား မယ်ထင်တယ်။ တကယ်လုပ်ဖြစ်ရင် ဒီနားက လမ်းရှုပ်တော့ အဝိုင်းပတ်မောင်းတတ်အောင်တောင် တော်တော် ထိန်းပေးရမယ်” ဟု ဝါးပြားလမ်းဆုံအနီး နေထိုင်သူ ဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။

.

တောင်ကြီးမြို့ပေါ်ရှိ အဓိကလမ်းမကြီးများ ဖြစ်သော အရှေ့မြို့ပတ်လမ်း၊ အနောက်မြို့ပတ်လမ်းနှင့် ဗိုလ်ချုပ် အောင်ဆန်း လမ်းများအနက် အနောက်မြို့ပတ်လမ်းသည် ကုန်တင်ယာဉ်ကြီးများ၊ တွဲယာဉ်များ ဖြတ်သန်း သွားလာရာ လမ်းဖြစ်ပြီး အိမ်စီးမော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များလည်း များပြားသဖြင့် ယာဉ်ကြောရှုပ်ထွေးလျက် ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats