စုလှိုင်
.
တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ နန်းတိုင်းကျေးရွာအုပ်စုရှိ
အမှတ် (၁) မဲရုံတွင် ဆန္ဒပြုတံဆိပ်တုံး ၃ ခုမှ ရာဘာပြား များ အခွာခံရမှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.“အဲဒီလိုတော့ သတင်းရတယ်။ ချက်ချင်း မလုပ်နိုင်သေးဘူး။
အခုက မဲပေးပွဲ (ရွေးကောက်ပွဲ) အောင်မြင်အောင်ပဲ လုပ်နေရတာပါ။ အရေးယူတာကတော့ နောက်ပိုင်းမှ
လာမယ်။ ဘယ်သူရယ်လို့ မသိသေးဘူး။ စုံစမ်းစစ်ဆေးပြီးမှ ရမှာပါ” ဟု ကလောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ
ဥက္ကဋ္ဌ ဦးသန်းဆွေက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ တံဆိပ်တုံး ရာဘာပြားများ အခွာခံရမှုနှင့်
ပတ်သက်၍ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး လက်ရှိတွင် မဲရုံရှိ အပို တံဆိပ်တုံးများဖြင့် အစားထိုးပြီး
ပုံမှန်အတိုင်း မဲပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment