.
နမ့်ခုံး ရှမ်းများပရဟိတအသင်း(ခွဲ) လင်းခေးမှ အသင်းဝင်များသည် နိုဝင်ဘာလ ၁၄ ရက်က လင်းခေးမြို့နယ်၊ ပုန်းထွန်ကျေးရွာအုပ်စု၊ ဝမ်မိုင်ကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
“ ကျွန်မတို့အဖွဲ့က ဝမ်မိုင်ကျေးရွာမှာ နေထိုင်ကြတဲ့ ကျေးရွာသူ ကျေးရွာသား၊ ကလေးသူငယ်၊ သက်ကြီး ရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေကို လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်ပေးခဲ့တာပါ။”ဟု နမ့်ခုံး ရှမ်းများပရဟိတအသင်း(ခွဲ) လင်းခေးမှ နန်းရွှေဌေးက ပြောသည်။
.
နမ့်ခုံး ရှမ်းများပရဟိတအသင်း(ခွဲ) လင်းခေး အနေဖြင့် COVID-19 ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ Mask များ ဖြန့်ဝေ လှူဒါန်းခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ နမ့်ခုံး ရှမ်းများပရဟိတအသင်း(ခွဲ) လင်းခေးက ဒေသခံ ၈၀ ဦးခန့်အား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။