ရလလဖ (နောင်ထောဝ်) ဥက္ကဋ္ဌ ဦးခွန်စိန်ရွှေ လူကြီးရောဂါဖြင့် ကွယ်လွန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, November 26, 2020

ရလလဖ (နောင်ထောဝ်) ဥက္ကဋ္ဌ ဦးခွန်စိန်ရွှေ လူကြီးရောဂါဖြင့် ကွယ်လွန်

ကိုစိုး (ကမ္ဘောဇတိုင်း)

.

ရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လွှတ်မြောက်ရေးအဖွဲ့ချုပ် (ရလလဖ) (‌နောင်ထောဝ်) ဥက္ကဋ္ဌ ဦးခွန်စိန်ရွှေသည် ယနေ့ နိုဝင်ဘာလ ၂၆ ရက်၊ နံနက်ပိုင်းတွင် နောင်ထောဝ်ရှိ ၎င်း၏ နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်ဟု သိရသည်။

.

ဓါတ်ပုံ - အင်တာနက်


.

“ဒီမနက် ၈ နာရီ ၇ မိနစ်မှာ ဆုံးပါတယ်။ ကွယ်လွန်ချိန်မှာ ၈၉ နှစ် ရှိပါပြီ။ ၉၆ ပါး လူကြီးရောဂါနဲ့ ကွယ်လွန်တာပါ” ဟု ရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ် (နောင်ထောဝ်) ဗဟိုကော်မတီ အတွင်းရေးမှူး (၂) ဦးဘုန်းနိုင် က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လွှတ်မြောက်ရေးအဖွဲ့ချုပ် (ရလလဖ) (‌နောင်ထောဝ်) သည် ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်တွင် နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူခဲ့ပြီး ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ဒေသတွင် အခြေစိုက် ထားကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats