မင်းဇော်မင်း
.
မူဆယ်မြို့၊ စွမ်ဆော်ရပ်ကွက်၊ မန်ဝိန်းပေါက်အနီးရှိ
နေအိမ်ဝင်းတစ်ခုအတွင်း နိုဝင်ဘာလ ၂၅ ရက်၊ ည ၈ နာရီခွဲခန့်က ဗုံးတစ်လုံး ပေါက်ကွဲမှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
![]() |
ဓါတ်ပုံ - အင်တာနက် |
“နေ့ပိုင်းဆိုရင်တော့ တရုတ်နိုင်ငံထဲဝင်ဖို့ ကားတွေတန်းစီတဲ့
နေရာနဲ့နီးတယ်။ ညပိုင်းဆိုတော့ ဘာမှမရှိဘူး။ ထိခိုက်မှု လည်း ရှိတယ်လို့ မကြားဘူး။
အသံကတော့ တော်တော်ကျယ်တယ်” ဟု မူဆယ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
ဦးစိုင်းကျော်သိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဗုံးပေါက်ကွဲသည့် နေရာမှာ မန်ဝိန်းပေါက်မှ ပေ
၂၀၀ ခန့်အကွာ၊ နမ့်ခမ်းသွားလမ်းဘက်၊ ကားတာယာ၊ လေထိုး ကျွတ်ဖာဆိုင်များရှေ့ရှိ နေအိမ်ခြံဝင်းအတွင်း
ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“လမ်းပေါ်က ခြံဝင်းအတွင်း ပစ်ထည့်တယ်လို့ သိရတယ်။
အသံမိုင်းပါ။ လူထိခိုက်တာ မရှိပါဘူး” ဟု မူဆယ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက ပြောသည်။
.
အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့် နေရာသို့ တပ်မတော်နှင့်
တာဝန်ရှိသူများက ရှင်းလင်းရေး ဆောင်ရွက်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း
သိရသည်။
.
No comments:
Post a Comment