ကျိုင်းလပ်မြို့၊ မဲခေါင်မြစ်တွင် တရားမဝင်တရုတ်နိုင်ငံသား ၆ ဦး ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, November 13, 2020

ကျိုင်းလပ်မြို့၊ မဲခေါင်မြစ်တွင် တရားမဝင်တရုတ်နိုင်ငံသား ၆ ဦး ဖမ်းမိ

ကျော်ဇေယျာလင်း (ကျိုင်းလပ်)

.

တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ မဲခေါင်မြစ်အတွင်း ယနေ့ နိုဝင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်းက တရားမဝင် တရုတ် နိုင်ငံသား ၆ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

ရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၃ ရက်၊ နံနက် ၁၀ နာရီခန့်က မဲခေါင်မြစ်အတွင်း မသင်္ကာဖွယ် စက်တပ်လှေငယ် တစ်စင်းမှ လူများတင်ဆောင်ဖြတ်သန်းသွားကြောင်း တွေ့ရသဖြင့် အမြန်သွားကင်းလှည့်ရေယာဉ်ဖြင့် လိုက်လံရှာဖွေ ရာ ယင်းစက်လှေအား မြန်မာဘက်ကမ်း၊ ကျဘိုခမ်းကျေးရွာအနီးတွင် တွေ့ရှိရပြီး ရပ်တန့်စစ်ဆေးရာ ကျိုင်းလပ်မြို့၊ အမှတ် (၃) ရပ်ကွက်၊ ဝမ်ကျင်းကျေးရွာနေ စက်တပ်သမ္ဗာန် မောင်းနှင်သူနှင့်အတူ တရုတ်နိုင်ငံသား ၆ ဦးအား တင်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

.

အဆိုပါ စက်တပ်လှေ မောင်းနှင်သူနှင့် တရုတ်နိုင်ငံသား ၆ ဦးအား ဥပဒေအရ အရေးယူနိုင်ရန် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဆိုင်ရာရုံးသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About