ကွန်ဟိန်းမြို့နယ်တွင် ကျေးလက်ကုန်ထုတ်လမ်း ၃ လမ်း ဖောက်လုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, November 24, 2020

ကွန်ဟိန်းမြို့နယ်တွင် ကျေးလက်ကုန်ထုတ်လမ်း ၃ လမ်း ဖောက်လုပ်မည်

ငြိမ်းသူ

.

လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ဖန်လန်း၊ ဝမ်ပန်၊ ဝတ်ဆတ်ကျေးရွာများတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးလက်ကုန်ထုတ်လမ်း ၃ လမ်း ဖောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

.

ဖောက်လုပ်မည့် ကျေးလက်ကုန်ထုတ်လမ်းများမှာ ဖန်လန်းကျေးရွာတွင် အရှည် အကျယ်၃မိုင် ၁၂ ပေ၊ ထု မြေသား ၂ ပေ၊ ဗြုန်းကျောက် ၆ လက်မခင်းခြင်းလုပ်ငန်း၊ ဝမ်ပန်ကျေးရွာတွင် အရှည် ၃ မိုင် အကျယ် ၁၂ ပေ၊ ထု မြေသား ၂ ပေ ဗြုန်းကျောက် ၆ လက်မခင်းခြင်းလုပ်ငန်း၊ ဝမ်ဆတ်ကျေးရွာတွင် အရှည် ၁ မိုင် ၄ ဖာလုံ အကျယ် ၁၂ ပေ၊ ထု မြေသား ၂ ပေ၊ ဗြုန်းကျောက် ၆ လက်မခင်းခြင်းလုပ်ငန်းများဖြစ်ပြီး တင်ဒါအောင်မြင်သော ကုမ္ပဏီများက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးတင်ဆူးထံက သိရသည်။

.

အဆိုပါ ကျေးရွာ ၃ ရွာရှိ ကုန်ထုတ်လမ်းများ ပြီးစီးပါက မြေဧက ၁၅၀၀ ကျော်မှ လယ်ယာထွက်ကုန်များ ဈေးကွက်သို့ အချိန်မီ ရောက်ရှိရေးအတွက် အကျိုးပြုစေမည်ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats