စိုင်းသိင်္ခသူ
.
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ပေါ်တွင်
သေနတ်ကိုင်ဆောင် ပစ်ခတ်သူတစ်ဦးကို နိုဝင်ဘာလ ၂၂ ရက်၊ ညပိုင်းက ဖမ်းဆီးအရေးယူထားကြောင်း
သိရသည်။
.
![]() |
ဓါတ်ပုံ - လောက်ကိုင်မြို့မရဲစခန်း |
.
လောက်ကိုင်မြို့၊ ရပ်ကွက် (၂) လမ်းမပေါ်တွင် နိုဝင်ဘာလ
၂၂ ရက်၊ ည ၇ နာရီခန့်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ သဖြင့် ရဲတပ်ဖွဲ့မှ စုံစမ်းပိတ်ဆို့
ရှာဖွေခဲ့ရာ ယင်းနေ့ည ၈ နာရီခန့်တွင် သေနတ်ပစ်ခတ်သူ ရန်စုန်ရှင်းအား ပွိုင့် ၃၈ ပစ္စတိုသေနတ်
၁ လက်၊ ကျည် ၂ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“နားလည်မှုလွဲမှားပြီး သေနတ် ၃ ချက် ပစ်တာပါ။ အမှုဖွင့်အရေးယူထားပါတယ်”
ဟု လောက်ကိုင်မြို့မရဲစခန်း၏ တရားဝင် အကောင့်မှ ပြန်လည်ဖြေကြားခဲ့သည်။
.
အဆိုပါ တရားမဝင်လက်နက်ကိုင်ဆောင် ပစ်ခတ်သူ ရန်စုန်ရှင်းအား
လောက်ကိုင်မြို့မရဲစခန်းတွင် (ပ) ၄၂/၂၀၂၀၊ ရှမ်းလက်နက်ဥပဒေ အပိုဒ် ၁၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
No comments:
Post a Comment