အခြေခံလူတန်းစားများအား ငွေကြေးထောက်ပံ့မှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အတွင်း တိုင်ကြားမှု ၁၃ မှုရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, November 25, 2020

အခြေခံလူတန်းစားများအား ငွေကြေးထောက်ပံ့မှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အတွင်း တိုင်ကြားမှု ၁၃ မှုရှိ

ကိုစိုး (ကမ္ဘောဇတိုင်း)

.

COVID-19 ကပ်ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား စတုတ္ထအကြိမ် ငွေကြေးထောက်ပံ့မှုနှင့် ပတ်သက်၍ တိုင်ကြားစာဖြေရှင်းရေးဌာနများကို မြို့နယ်အသီးသီးတွင် ဖွင့်လှစ်လက်ခံ ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်အတွင်း၌ လာရောက်တိုင်ကြားမှု ၁၃ မှု ရှိခဲ့သည်ဟု သိရသည်။

.

.

“၁၃ စောင် လက်ခံရရှိတဲ့အထဲမှာ မနေ့ (နိုဝင်ဘာလ ၂၄ ရက်) အထိ ၇ မှု ရှင်းပြီးသွားပါပြီ။ ၆ မှုက စိစစ်ဆဲပါ။ မရလို့ တိုင်တာလည်း ပါတယ်။ စာရင်းမပါလို့ တိုင်တာလည်း ပါတယ်။ မြို့နယ်ကနေ စိစစ်ပြီး ဖြေရှင်းဆောင်ရွက်ပေးနေတာ ပါ။ စာရင်းက အရင်ကတည်းက အကုန်လုံးကောက်ပြီးသားပါ။ ထည့်သင့်တဲ့ သတ်မှတ်ချက်နဲ့ ကိုက်ရင်တော့ အကုန်လုံး ထည့်ပေးရမှာပါ။ တချို့က မကျေနပ်လို့ တိုင်တာကြတော့လည်း မြို့နယ်မှာ လမ်းညွှန်ချက်နဲ့အညီ ဖြေရှင်း ဆောင်ရွက်ပေးနေပါတယ်” ဟု ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဆွေဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများကို ငွေကြေးထောက်ပံ့ရာတွင် အမှန်တကယ် ရသင့် ရထိုက်သည့် အိမ်ထောင်စုများ အနေဖြင့် သတ်မှတ် ထောက်ပံ့ငွေအတိုင်း မရရှိပါက ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် မြို့နယ် အသီးသီးတွင် တိုင်ကြားစာဖြေရှင်းရေးဌာနများ ဖွင့်လှစ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

.

ထို့အတူ တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်ကလည်း “တောင်ကြီးမြို့နယ်မှာတော့ စာနဲ့တိုင်တာ ၄ ခု ရှိပါတယ်။ ၂ ခု က ဖြေရှင်းဆောင်ရွက်ပြီးပါပြီ။ စိစစ်ဆဲ ၂ မှု ကျန်ပါတယ်” ဟု ပြောဆိုခဲ့သည်။

.

ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ တစ်အိမ်ထောင်လျှင် ငွေ ၂၀၀၀၀ ကျပ် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း ထောက်ပံ့ပေးရမည့် အိမ်ထောင်စု ၁၇၀၇၁၄ စုတို့ကို ရာနှုန်းပြည့် ထောက်ပံ့ပေးအပ်ပြီး ဖြစ်သည်ဟု သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats