ခွန်သန်းအောင်
.
ကလောမြို့၊ အမှတ် (၉) ရပ်ကွက်တွင် ယမန်နေ့ နိုဝင်ဘာလ
၂ ရက်၊ ညနေပိုင်းက အမျိုးသားတစ်ဦ; မိမိကိုယ်ကို ဓါးဖြင့် လှီးဖြတ်သေဆုံးမှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
သေဆုံးသူမှာ ကလောမြို့၊ အမှတ် (၉) ရပ်ကွက်၊ နှီးဘုရားလမ်းနေ
စိုင်းရန်မျိုးအောင် (၃၇ နှစ်) ဆိုသူဖြစ်ပြီး ၎င်း၏ အိပ်ခန်းအတွင်း ယာလက်ကောက်ဝတ် ပြတ်ရှဒဏ်ရာတစ်ချက်၊
ယာလက်ဖျံအတွင်း ပြတ်ရှဒဏ်ရာတစ်ချက်၊ ဝဲ လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ ၃ ချက်ဖြင့် အိပ်ရာအတွင်း
ဘေးတစ်စောင်းအနေအထားဖြင့် သေဆုံးနေခြင်း ဖြစ်ကာ ၎င်း၏အနီးတွင် သွေးများပေကျံထင်စွန်းနေသော
စတီးဓါးတစ်ချောင်းအား တွေ့ရှိခဲ့ရကြောင်း သိရသည်။
.
ဆက်လက်ပြီး စုံစမ်းရာ သေဆုံးသူမှာ လွန်ခဲ့သော ၅ လခန့်မှ
စတင်၍ အရက်အလွန်အကျွံသောက်သုံးပြီး စိတ် ကစဉ့်ကလား ဖြစ်နေကာ ညစဉ်ညတိုင်း အိမ်ရှိလူများကို
ရန်ရှာလေ့ရှိကြောင်းနှင့် နိုဝင်ဘာလ ၁ ရက်၊ ည ၇ နာရီခွဲ အချိန်ခန့်က အရက်သေစာ သောက်စားမူးယစ်ပြီး
မိခင်နှင့် ညီဖြစ်သူတို့အား ရန်ရှာသဖြင့် မိခင်နှင့် ညီမှ ၎င်း၏ ဖခင် နေထိုင်ရာ နေအိမ်တွင်
သွားရောက်တိမ်းရှောင်နေခဲ့ကာ နိုဝင်ဘာလ ၂ ရက်၊ ညနေ ၅ နာရီတွင် ညီဖြစ်သူ နေအိမ်သို့
ပြန်လည် ရောက်ရှိလာကာ အော်ခေါ်ရာ ပြန်လည်ဖြေကြားခြင်းမရှိဘဲ တံခါးအတွင်းဘက်မှ ဂျက်ချထားသဖြင့်
နံရံအပေါက်မှ ချောင်းကြည့်ရာ စိုင်းရန်မျိုးအောင်အား သွေများပေကျံလျက် သေဆုံးနေသည်ကို
တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိုင်းရန်မျိုးအောင် သေဆုံးမှုနှင့် ပတ်သက်၍
ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
No comments:
Post a Comment