တောင်ကြီးတွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၇၀၀ ကျော် ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, November 29, 2020

တောင်ကြီးတွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၇၀၀ ကျော် ဖမ်းမိ

ကမ္ဘောဇတိုင်း

.

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင် နိုဝင်ဘာလ ၂၇ ရက်၊ ညနေပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၃၇၀၀ ကျော်အား လက်ဝယ်ထားရှိသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

တောင်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ နိုဝင်ဘာလ ၂၇ ရက်၊ ညနေ ၅ နာရီခန့်က တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၈) နေ ညိုမင်းထွန်း (ခ) မိုးကောင်း ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်တွင်တွေ့ရှိပြီး နေအိမ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃၇၆၀ ပြား၊ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၇ ဒသမ ၆ သိန်းနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

.

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ လက်ဝယ်ထားရှိသူ ညိုမင်းထွန်း (ခ) မိုးကေင်းအား တောင်ကြီးမြို့မရဲ စခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက် များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats