ကလောတွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ကလောတွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ ဒဏ်ရာရ

ခွန်သန်းအောင်

.

ကလောမြို့နယ်၊ ကျောက်တန်းကျေးရွာ၊ ပင်လောင်းလမ်းခွဲတွင် ယနေ့ နိုဝင်ဘာလ ၂၀ ရက်၊ နေ့လယ်ပိုင်းက မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီးတွင် စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

.

.

ကလောမြို့နယ်၊ တောင်လားကျေးရွာအုပ်စု၊ ဆင်လယ်ကျေးရွာနေ ယာဉ်မောင်းကျော်သိန်းသည် နိုဝင်ဘာလ ၂၀ ရက်၊ နေလယ် ၂ နာရီခွဲခန့်က CANTER အမျိုးအစား မော်တော်ယာဉ်ဖြင့် အောင်ပန်းဘက်မှ ကလောဘက်သို့ မောင်းနှင် လာစဉ် ပင်လောင်းလမ်းခွဲ၊ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၇၆/၁) နှင့် (၇၆/၂) ကြား အရောက်တွင် လမ်း၏ ယာဘက်သို့ ချိုးကွေ့ရာ ကလောမြို့၊ အမှတ် (၁၀) ရပ်ကွက်နေ ဒေါ်ခင်မျိုးသန့် မောင်းနှင်လာသည့် Honda Click – 125 အမျိုးအစား ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဒေါ်ခင်မျိုးသန့်တွင် လျှာပြတ်ရှဒဏ်ရာ၊ နဖူးဝဲဘက် ပွန်းပဲ့ဒဏ်ရာ၊ ဝဲ/ယာ လက်ဖမိုး ပွန်းပဲ့ဒဏ်ရာ၊ ဝဲ/ယာဒူး ပွန်းပဲ့ဒဏ်ရာ၊ ဝဲဘက်ခြေဖမိုး ပွန်းပဲ့ဒဏ်ရာ စိုးရိမ်ရ ရရှိခဲ့ပြီး အောင်ပန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

.

ယာဉ်တိုက်မှုနှင့် ပတ်သက်၍ မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်ပြီး နောက်ယာဉ်ကြောမရှင်းဘဲ လမ်း၏ လက်ယာဘက်သို့ ချိုးကွေ့စဉ် မော်တော်ဆိုင်ကယ်အား ဝင်ရောက်တိုက်မိပြီး အခြားသူအား ဒဏ်ရာရရှိစေသူ မော်တော်ယာဉ်မောင်း ကျော်သိန်းအား က​လောမြို့မရဲစခန်းတွင် ယာဉ် (ပ) ၃၂/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats