.
လင်းခေးမြို့နယ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရေး အတွက် ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက နိုဝင်ဘာလ ၇ ရက်တွင် လင်းခေးမြို့နယ် အတွင်းရှိ မဲရုံများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ကွင်းဆင်းစစ်ဆေးမှုအား ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပြည်နယ်အဆင့်၊ ခရိုင်ကြီးကြပ်ရေးအဖွဲ့ဝင် ၅ ဦးက ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အလိုက် မဲရုံမှူးနှင့် တာဝန်ရှိသူများက မဲရုံပြင်ဆင်ထားရှိမှု အခြေအနေများအား ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။
.
လင်းခေးမြို့နယ်တွင် မဲရုံ ၃၉ ရုံခန့်နှင့် ဆန္ဒမဲ ပေးခွင့်ရှိသူ စုစုပေါင်း ၂၆၀၀၀ ဦးကျော်ခန့် ရှိကြောင်း သိရသည်။
.