ဗဟိုချုပ်ကိုင်မှုလျှော့ချနိုင်ရေးအတွက် ကြိုးပမ်းမည် ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, November 5, 2020

ဗဟိုချုပ်ကိုင်မှုလျှော့ချနိုင်ရေးအတွက် ကြိုးပမ်းမည် ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ပြော

ကမ္ဘောဇတိုင်း

.

ရှမ်းပြည်နယ်တွင် ဗဟိုချုပ်ကိုင်မှု လျှော့ချနိုင်ရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ယခင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်က ပြောဆိုခဲ့သည်။

.

ဓါတ်ပုံ - ရှမ်းပြည်နယ်လွှတ်တေ်
.

“ကျွန်တော့်အနေနဲ့ကတော့ ဖက်ဒရယ်ဒီမိုကရေစီကိုသွားမယ်။ ရှမ်းပြည်နယ်မှာ ကျွန်‌တော် ဝန်ကြီးချုပ် လုပ်လာတယ်။ လွှတ်တော် ဒုတိယဥက္ကဋ္ဌ လုပ်လာတယ်။ လုံးဝ ဖက်ဒရယ် မရသေးဘူး။ Centerlization (ဗဟို ချုပ်ကိုင်မှု) လျှော့ပြီးတော့ Decenterlization (ဗဟိုချုပ်ကိုင်မှု လျှော့ချရေး) ဖြစ်ဖို့ ကြိုးစားမယ်” ဟု ဦးစဝ်အောင်မြတ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ဦးစဝ်အောင်မြတ်သည် ပထမအကြိမ် အစိုးရသက်တမ်းက ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး လက်ရှိတွင် ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိကာ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၉) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

.

၎င်းသည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများ၌ ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ပြီး ပထမအကြိမ် သက်တမ်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် လည်းကောင်း၊ ဒုတိယအကြိမ် သက်တမ်းတွင် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About