တာချီလိတ်တွင် ဆိုင်ကယ်ပေါ်မှ ဆင်းပြေးသူတစ်ဦးထံက မူးယစ်ဆေးဝါးများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, November 20, 2020

တာချီလိတ်တွင် ဆိုင်ကယ်ပေါ်မှ ဆင်းပြေးသူတစ်ဦးထံက မူးယစ်ဆေးဝါးများ ဖမ်းမိ



မင်းဇော်မင်း

.

တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စုတွင် နိုဝင်ဘာလ ၁၉ ရက်၊ ညနေပိုင်းက မူးယစ်ဆေးဝါး ရှာဖွေစစ်ဆေး မှုများ ပြုလုပ်နေစဉ် ဆိုင်ကယ်စီးလာသူတစ်ဦး ဆိုင်ကယ်ပေါ်မှ ဆင်းပြေးသဖြင့် လုံးထွေးဖမ်းဆီးခဲ့ရာ ၎င်းနှင့် အတူ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.


 .

မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၉ ရက်၊ ညနေ ၄ နာရီခန့်က တာချီလိတ် မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ပန်စလိ-ဝမ်ကျောက်လုံသွား ကားလမ်းပေါ်တွင် စောင့်ဆိုင်းနေစဉ် ပန်စလိ ကျေးရွာ ဘက်မှ ဝမ်ကျောက်လုံကျေးရွာဘက်သို့ မိုင်းကိုးကျေးရွာအုပ်စု၊ ဟိုရမ်း (၁) ကျေးရွာနေ အားကျ မှ ဆိုင်ကယ်ဖြင့် မောင်းနှင်ရောက်ရှိလာသဖြင့် ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းသည် ဆိုင်ကယ်ပေါ်မှ ဆင်းပြေးသဖြင့် လိုက်လံ လုံးထွေးဖမ်းဆီး၍ စစ်ဆေးရှာဖွေရာ ၎င်းမောင်းနှင်လာသည့် ဆိုင်ကယ်၏ ဝဲဘက်ခြမ်း ဒူးကာအတွင်း သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၄၂၀၀ ပြားအား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

.

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သယ်ဆောင်လာသူ အားကျ အား တာချီလိတ်မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About