တောင်ကြီးမြို့၊ လုံဝမ်ရွှေဆိုင်တွင် ငွေကျပ် ၂၃ သိန်းခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ လုယူထွက်ပြေးမှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, November 8, 2020

တောင်ကြီးမြို့၊ လုံဝမ်ရွှေဆိုင်တွင် ငွေကျပ် ၂၃ သိန်းခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ လုယူထွက်ပြေးမှုဖြစ်ပွား

စုလှိုင်၊ နန်းဝင်းရီ

.

တောင်ကြီးမြို့၊ ကံရှေ့ရပ်ကွက်၊ ရေထွက်ဦးလမ်းရှိ လုံဝမ်ရွှေဆိုင်တွင် ယနေ့ နိုဝင်ဘာလ ၈ ရက်၊ နံနက်ပိုင်းက ငွေကျပ် ၂၃ သိန်းခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ လုယူထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

“ပထမဆုံး ဆွဲကြိုးတွေ တောင်းကြည့်တယ်။ ပြီးတော့ ဆွဲပြားကြည့်တယ်။ ပြီးရင် နားဆွဲ တစ်ခုပြီးတစ်ခု တောင်း ကြည့်တယ်။ ဈေးတွေ တွက်ခိုင်းတယ်။ မိန်းကလေး တစ်ယောက်ထဲပဲ။ ဦးထုပ်လည်း ဆောင်းထားတယ်။ Mask လည်း တပ်ထားတယ်။ ဆွဲကြိုး အခေါက် တစ်ကျပ်သား တစ်ကုံး၊ အခေါက် ၅ မူး ဆွဲပြားတစ်ခုရယ်၊ ပတ္တမြားနားကပ် တစ်ရံရယ်။ ၁၁ နာရီ ဝန်းကျင်ပါ။ အခုလောလောဆယ်တော့ သူတို့ကို ရဲတပ်ဖွဲ့က ဖမ်းသွားပြီ” ဟု လုံဝမ်ရွှေဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

လုယက်သွားသည့် ရွှေထည်ပစ္စည်းများမှာ စုစုပေါင်း ငွေကျပ် ၂၂၉၉၀၀၀ တန်ဖိုးရှိ ဆွဲကြိုး တစ်ကျပ်သား တစ်ကုံး၊ ၅ မူးသား ဆွဲပြားတစ်ခုနှင့် ပတ္တမြားနားကပ် တစ်ရံတို့ဖြစ်ကြောင်း သိရသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ကျ ရဲအရာရှိတစ်ဦးက “လောလောဆယ်တော့ ဘာမှမလုပ်သေးဘူး။ မေးမြန်းနေဆဲပါပဲ။ စစ်ဆေးနေတုန်းပဲ ရှိသေးတယ်။”ဟု ပြန်လည် ဖြေကြားခဲ့သည်။

.

ယင်း ရွှေထည်ပစ္စည်းများ လုယူထွက်ပြေးသူ အမျိုးသမီးနှင့် အတူပါလာသူ အမျိုးသားတို့ကို ဗိုလ်ချုပ်အောင်ဆန်း လမ်း၊ မြဝတီဘဏ်အနီးတွင် ချက်ချင်း ပြန်လည်ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About