တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်တွင် အမျိုးသမီးတစ်ဦး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်တွင် အမျိုးသမီးတစ်ဦး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ သေဆုံး

စုလှိုင်

.

တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ နန်းသီတာလမ်းဆုံအနီးတွင် ယမန်နေ့ နိုဝင်ဘာလ ၁ ရက်၊ နေ့လယ်ပိုင်းက အမျိုးသမီးတစ်ဦး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.



.

တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်နေ ထင်ကျော် မောင်းနှင်ပြီး နောက်တွင် အေးသာယာမြို့နေ ဒေါ်စန်းစန်းယု (ခ) မကြီး လိုက်ပါစီးနင်းလာသော မော်တော်ဆိုင်ကယ်သည် နိုဝင်ဘာလ ၁ ရက်၊ နေ့လယ် ၃ နာရီခန့်က ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း တောင်မှ မြောက်သို့ မောင်းနှင်လာစဉ် နန်းသီတာ လမ်းဆုံအရောက်တွင် နောက်မှ လိုက်ပါလာသူ ဒေါ်စန်းစန်းယုမှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီး ဦးခေါင်း နောက်စေ့ဒဏ်ရာဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ အမျိုးသမီး သေဆုံးမှုနှင့် ပတ်သက်၍ ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ ထင်ကျော်အား တောင်ကြီး နယ်မြေရဲစခန်းတွင် ယာဉ် (ပ) ၁၄/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၀၄-က ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats