တောင်ကြီး-အေးသာယာအတက်အဆင်း ရှောင်ကွင်းလမ်းသစ် ဆောင်ရွက်ပြီးစီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, November 17, 2020

တောင်ကြီး-အေးသာယာအတက်အဆင်း ရှောင်ကွင်းလမ်းသစ် ဆောင်ရွက်ပြီးစီး

ကိုစိုး (ကမ္ဘောဇတိုင်း)

.

မြို့တော် တောင်ကြီးနှင့် အေးသာယာမြို့တို့ကို ဆက်သွယ်ပေးထားသည့် အတက်အဆင်းလမ်းအား ရှောင်ကွင်း သွားလာ နိုင်သည့် လမ်းသစ်ဖြစ်သော တောင်ကြီး-ဇလဲ-လဲသက်လမ်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း တောင်ကြီးခရိုင် လမ်းဦးစီး ဌာနမှ သိရသည်။

,

ဓါတ်ပုံ - တောင်ကြီးရိုင် လမ်းဦးစီးဌာန
.

သစ်ပင်ထောင်-မန်ကျည်းပင်-ပလီလင်းလမ်း ၄ မိုင်နဲ့ ၃ ဖာလုံ ရှိပါတယ်။ အဲဒီလမ်းပိုင်းက ၃ မိုင်နဲ့ ၂ ဖာလုံကို ဒီ ဘဏ္ဍာနှစ်မှာ ၁၈ ပေအကျယ် ကတ္တရာခင်းတယ်။ နောက်ပြီး တောင်ကြီး-ဇလဲ-လဲသက်လမ်းရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ ၁ မိုင်နဲ့ ၇ ဖာလုံပါ။ အဲဒီလမ်းပိုင်းက အတက်/အဆင်း မတ်စောက်တဲ့ ၂ နေရာကို ၂၄ ပေအကျယ် ကွန်ကရစ် ခင်းပါတယ်။ ကွန်ကရစ် ခင်းတာက ၄ ဒသမ ၅ ဖာလုံ ရှိပါတယ်။ ကျန်တဲ့အပိုင်းကိုတော့ ၁၈ ပေ အကျယ် ကတ္တရာ ခင်းပါတယ်။ ဇူလိုင်လက စပြီးလုပ်လာတာ အခု ပြီးလို့ ပြည်သူတွေ သုံးနေပါပြီ” ဟု တောင်ကြီးခရိုင် လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးလွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါလမ်းပိုင်းသည် စုစုပေါင်း ၆ မိုင်၂ ဖာလုံရှည်လျားပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရ၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေနှင့် ပြည်နယ်အထွေထွေ ပိုလျှံရန်ပုံငွေဖြင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လက စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ထိုသို့ လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ရာတွင် တောင်ကြီး-ဇလဲ-လဲသက်လမ်း၏ ကရင်မရေထွက်မှ ပလီလင်း ကျေးရွာ လမ်းဆုံအထိ လမ်းပိုင်းအား မူလ ၁၁ အပေအကျယ် မှ ၁၈ ပေအကျယ် ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းနှင့် အတက်/အဆင်း မတ်စောက်သော အပိုင်းများ၌ ၂၄ ပေအကျယ် ကွန်ကရစ် ခင်းခြင်း၊ လမ်းပခုံးသား အကျယ် ၄၁ ပေ ခင်းခြင်း၊ သစ်ပင်ထောင်-မကျီးပင်-ပလီလင်း လမ်းပိုင်း၏ ကတ္တရာလမ်း အဆင့်မြှင့်တင်ရန် ကျန်ရှိနေသော အား/ကာ သိပ္ပံမှ ပလီလင်းကျေးရွာ လမ်းဆုံအထိ ၃ မိုင် ၂ ဖာလုံအား မူလ အမာခံလမ်းမှ ၁၈ ပေအကျယ် ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About