တာချီလိတ်တွင် တရုတ်နိုင်ငံသား အချင်းချင်း ဓါးဖြင့် ထိုး၍ ဖမ်းဆီးခေါ်ဆောင်သူများ ရဲတပ်ဖွဲ့ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, November 15, 2020

တာချီလိတ်တွင် တရုတ်နိုင်ငံသား အချင်းချင်း ဓါးဖြင့် ထိုး၍ ဖမ်းဆီးခေါ်ဆောင်သူများ ရဲတပ်ဖွဲ့ ဖမ်းမိ

.မင်းဇော်မင်း

.

တာချီလိတ်မြို့၌ တရုတ်နိုင်ငံသား အချင်းချင်း ဓားဖြင့် ထိုးကာ ချုပ်နှောင်ဖမ်းဆီးခဲ့သူများကို ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၁၄ ရက်တွင် ဖော်ထုတ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

.



.

ဖြစ်စဉ်မှာ တာချီလိတ်မြို့ရှိ အငှား နေအိမ်လိုင်းခန်း တစ်ခုအတွင်း၌ အမျိုးသား တစ်ဦးအား အခြား အမျိုးသား တစ်ဦးမှ ဓားဖြင့် ထိုး၍ ကားပေါ် ဆွဲခေါ်သွားသည့် CCTV ရုပ်သံဖိုင် နိုဝင်ဘာလ ၁၁ ရက်က လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် သတင်းအရ ရဲတပ်ဖွဲ့မှ နိုဝင်ဘာလ ၁၄ ရက် ၊ ညနေ ၄ နာရီခန့်တွင် သက်သေများနှင့်အတူ တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာအုပ်စု တာချီလိတ်- မိုင်းဆတ်သွား ကားလမ်း ဘေးရှိ မြကန်သာ စားသောက်ဆိုင်ဝင်းအတွင်းမှ စိုင်းဝန်းကျောက် ပိုင်ဆိုင်သည့် နေအိမ်အား ဝင်ရောက် ရှာဖွေခဲ့ကြောင်း သိရသည်။

.

ယင်းကဲ့သို့ ရှာဖွေရာတွင် တရုတ်နိုင်ငံသား Li Jin Hui ၊ ဝမ်မီဟာနှင့် စကားပြန် စိုင်းဝန်းကျောက်တို့အား တွေ့ရှိ၍ အသေးစိတ် စစ်ဆေးချက်မှုများ ပြုလုပ်ရာ ဓားဖြင့်ထိုးခံရသူမှာ တရုတ်နိုင်ငံ၊ ဟူပိန်မြို့၊ ကျုံးဆန်းရွာနေ Liu Xin Gan ဖြစ်ပြီး Li Jin Hui အား ပေးရန် ရှိသည့် အကြွေးများကို ပေးဆပ်ခြင်း မပြုဘဲ ရှောင်တိမ်းနေသဖြင့် Li Jin Hui ၏ ခိုင်းစေချက်အရ  Yu Shiping က နိုဝင်ဘာ ၁၁ ရက် ၊ ညနေ ၃ နာရီခွဲတွင် ဓားဖြင့် ၉ ချက် ထိုး၍ ကားဖြင့် တင်ဆောင်ကာ ကြိုတင်ငှားရမ်းထားသည့် နေအိမ်သို့ ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ထိုသို့ စစ်ဆေး ပေါ်ပေါက်ချက်အရ ရဲတပ်ဖွဲ့မှ ညနေ ၅ နာရီတွင် ယင်းနေအိမ်သို့ ဆက်လက် ဝင်ရောက် ရှာဖွေရာ ဓားထိုးမှု ကျူးလွန်သူ  တရုတ်နိုင်ငံသား Yu Shiping ၊ ကျိုင်းတုံမြို့၊ နောင်လိတ်ကျေးရွာနေ စိုင်းလောင်း (ဆေးကုသပေးသူ)တို့အား ဧည့်ခန်းတွင် လည်းကောင်း၊ ဓားထိုးခံထားရသူ Liu Xin Gan ကို အိပ်ခန်းအတွင်း လည်းကောင်း တွေ့ရှိရပြီး လူနာအား တာချီလိတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

.

အဆိုပါ  ပြစ်မှုကျူး လွန်ရန် စီစဉ်စေခိုင်းသူ Li Jin Hui ၊ ဓားဖြင့် ထိုးသူ Yu Shiping နှင့် ပြစ်မှုကျူးလွန်မှုအား အားပေး ကူညီသူ ၆ ဦးတို့အား တာချီလိတ်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၄၈/၁၁၄၊ လဝက အက်ဥပဒေပုဒ်မ ၁၃(၁)/၁၃(၅) တို့ဖြင့် အမှုဖွင့်၍ အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

.


No comments:

Post a Comment

Journal Download

Photo of three cats

About