ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက် (ဂနိုင်ရွေးကျေးရွာအနီး)၊
ပန်းတင်လမ်းမကြီးပေါ်တွင် ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက်၊ ညပိုင်းက အရှိန်မထိန်းနိုင်သော
မော်တော်ဆိုင်ကယ်မှ လမ်းဘေးဓါတ်တိုင်အား ဝင်ရောက်တိုက်မိပြီး တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း
သိရသည်။
.
.မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်နေ ရဲဇော်
(၂၈ နှစ်) မောင်းနှင်ပြီး နောက်တွင် တောင်ကြီးမြို့နယ်၊ ဂနိုင်ရွေး ကျေးရွာနေ ကိုကိုလွင်
လိုက်ပါစီးနင်းလာသော ဆိုင်ကယ်သည် နိုဝင်ဘာလ ၁၂ ရက်၊ ည ၉ နာရီခန့်က ပန်းတင် လမ်းမကြီးအတိုင်း
အနောက်မှ အရှေ့သို့ မောင်းနှင်လာစဉ် ဂနိုင်ရွေးကျေးရွာအနီး၊ ဆန္ဒဗွေး စေတီရှေ့ အရောက်တွင်
အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ရှိ ဓါတ်တိုင်အား ဝင်ရောက်တိုက်မိပြီး ဆိုင်ကယ်တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ
ရဲဇော်တွင် နှာခေါင်းသွေးထွက်၊ လည်ပင်းရိုးကျိုး ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးကုသမှု ပေးနေစဉ်
သေဆုံးခဲ့ကာ နောက်မှလိုက်ပါလာသူ ကိုကိုလွင်တွင် ဦးခေါင်းမူးဝေ၊ နဖူးထိပ် ပေါက်ပြဲ၊
ဝဲ/ယာလက်ခုံ ပွန်းခြစ်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်၊။
.
ဆိုင်ကယ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ မဆင်မခြင်မောင်းနှင်သူ
ဆိုင်ကယ်ယာဉ်မောင်း ရဲဇော်အား တောင်ကြီး နယ်မြေရဲစခန်းတွင် ယာဉ် (ပ)၁၆/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ
၂၇၉/၃၃၈/၃၀၄-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.