မိုင်းကိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာတွင် သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, November 3, 2020

မိုင်းကိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာတွင် သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်မည်

ငြိမ်းသူ

.

လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာတွင် သောက်သုံးရေရရှိရေးအတွက် စိမ့်စမ်းရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု၊ ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

.



.

ထိုသို့ ဆောင်ရွက်ရာတွင် ပန်ပွဲကျေးရွာ သောက်သုံးရေရရှိရေးအတွက် အရှည် ၅ မိုင်ရှိ စိမ့်စမ်းရေ ပိုက်လိုင်းသွယ်တန်းခြင်း၊ ဂါလံ ၅၀၀၀ ဆံ့ ရေစုကန်တစ်ကန်၊ အလျား ၂၅ပေ အနံ ၃ပေ အမြင့် ၅ ပေရှိ ရေတားတမံ တစ်ခု တည်ဆောက်ခြင်းလုပ်ငန်း၊ ခိုင်းနဲ့ကျေးရွာတွင် အရှည် ၃ မိုင်ရှိ စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်း၊ ဂါလံ ၅၀၀၀ ဆံ့ ရေစုကန်တစ်ကန်၊ အလျား ၂၅ ပေ အနံ ၃ ပေ အမြင့် ၅ ပေရှိရေတားတမံတစ်ခုတည်ဆောက်ခြင်းလုပ်ငန်း၊ လုံစံကျေးရွာတွင်အရှည် ၂ မိုင်ရှိသော စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်း၊ ဂါလံ ၅၀၀၀ ဆံ့ ရေစုကန်တစ်ကန်၊ အလျား ၂၅ ပေ အနံ ၃ ပေ အမြင့် ၅ ပေရှိရေတားတမံတစ်ခုတည်ဆောက်ခြင်းလုပ်ငန်း၊ ကုန်းပေါင်းကျေးရွာတွင်အရှည် ၁ မိုင်ရှိ စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်း၊ ဂါလံ ၅၀၀၀ ဆံ့ ရေစုကန်တစ်ကန်၊ အလျား ၅ ပေ အနံ ၅ ပေ အမြင့် ၇ ပေရှိ ရေစက်ရုံတစ်ခုတည်ဆောက်ခြင်းနှင့် ပန့်တပ်ဆင်ခြင်း၊ လိုင်ရွဲကျေးရွာတွင် အရှည် ၀/၄ မိုင်ရှိ စိမ့်စမ်းရေပိုက်လိုင်း သွယ်တန်းခြင်း၊ ဂါလံ ၅၀၀၀ ဆံ့ ရေစုကန်တစ်ကန်၊ အလျား ၅ ပေ အနံ ၅ ပေ အမြင့် ၇ ပေရှိ ရေစက်ရုံတစ်ခု တည်ဆောက်ခြင်းနှင့် ပန့်တပ်ဆင်ခြင်း လုပ်ငန်းများကို ၂၀၂၀ -၂၀၂၁ခုဘဏ္ဍာနှစ်တွင်ပြည်ထောင်စု၊ ရှမ်းပြည်နယ် အစိုးရ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၁၄၀ ကျော်ဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မိုင်းကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ကျော်စိမ်း ထံက သိရသည်။

.

အဆိုပါ ကျေးရွာ ၅ ရွာတွင်သောက်သုံးရေရရှိရေး စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက် ပြီးစီးပါက အိမ်ခြေ ၆၀၅ အိမ်မှ လူဦးရေ ၃၄၆၁ ဦးတို့ အတွက်ရာသီမရွေး သောက်သုံးရေရရှိရေး အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About