စုလှိုင်
.
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ သက်စေ့ရန်အောင်ဘုန်းတော်ကြီးကျောင်းတွင်
ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက် ညနေပိုင်းက တောင်ကြီးတက္ကသိုလ် အင်္ဂလိပ်စာအထူးပြု ကျောင်းသား/ကျောင်းသူများအဖွဲ့အစည်းမှ
ကျောင်းကြီးစုရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်း
သိရသည်။
.
ထိုသို့ လှူဒါန်းရာတွင် အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင်
ဆန် ၃ ပြည်၊ ဆီ ၁ ဘူး၊ ကြက်ဥ ၁၀ လုံး၊ ဂျုံခေါက်ဆွဲ ၂ ထုပ်၊ အာလူး ၁ ထုပ်နှင့် ဆေးဝါးများ၊
နှာခေါင်းစည်း (Mask) များ စုစုပေါင်း ငွေကျပ် ၁ သောင်းဖိုးခန့်
လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“ရည်ရွယ်ချက် ကတော့ အခုလို COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေတဲ့ ကာလမှာ ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသား/သူတွေအနေနဲ့
စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူတွေကို တတ်နိုင်တဲ့ဘက်ကနေ ကူညီမှုတွေ ပေးခြင်း ဖြစ်ပါတယ်။
ကျွန်တော်တို့ကို အားပေးဝန်းရံပြီး အလှူငွေများ ထည့်ပေးကြတဲ့ ဆရာ/ဆရာမတွေ၊ ကျောင်းသား/သူ
တွေ၊ ကုသိုလ်ရှင်တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း လိုအပ်တဲ့နေရာတွေကို
သေချာ စစ်တမ်းကောက်ယူပြီး ကူညီထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်” ဟု တောင်ကြီးတက္ကသိုလ်
အင်္ဂလိပ်စာအထူးပြု တတိယနှစ် ကျောင်းသား ကိုမျိုးလင်းအောင် က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးတက္ကသိုလ် အင်္ဂလိပ်စာအထူးပြု ကျောင်းသား/သူများ
အနေဖြင့် COVID-19 ကာလအတွင်း အခြေခံ လူတန်းစား ပြည်သူများအတွက်
ယင်းကဲ့သို့ လှူဒါန်းပေးနေခြင်းဖြစ်ပြီး ယခင်ရက်များကလည်း တောင်ကြီးမြို့ပေါ် ရပ်ကွက်များတွင်လှူဒါန်းမှုများ
ပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။
.
No comments:
Post a Comment