.
ကျောက်မဲမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများ၌ နိုဝင်ဘာလ ၂ ရက်အထိ ကြိုတင်ဆန္ဒမဲပေးသူပေါင်း ၁၅၀၀ ဦးကျော် ရှိပြီ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကြိုတင်ဆန္ဒမဲ ပေးအပ်ခဲ့သူများမှာ သက်ကြီးရွယ်အို ၈၃၆ ဦးနှင့် အခြားကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူ ၇၁၀ ဦး၊ စုစုပေါင်း ၁၅၄၆ ဦး ဖြစ်ကြောင်း ကျောက်မဲမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးထံမှ သိရသည်။
.
လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ၊ မဲရုံ အသီးသီး၌ တာဝန် ထမ်းဆောင်မည့် ဝန်ထမ်းများနှင့် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများသည် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ အောက်တိုဘာလ ၂၉ ရက်မှ စတင်၍ ကြိုတင် ဆန္ဒမဲ ပေးနေကြခြင်း ဖြစ်ကာ ကျောက်မဲမြို့နယ်တွင် မဲရုံပေါင်း ၉၉ ခု ရှိပြီး စုစုပေါင်း မဲဆန္ဒရှင် ၁၁၈၀၉၅ ဦး ရှိကြောင်း သိရသည်။
.
No comments:
Post a Comment