အေးသာယာဆည်တွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, November 19, 2020

အေးသာယာဆည်တွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

စုလှိုင်

.

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အေးသာယာဆည်အတွင်း ယနေ့ နိုဝင်ဘာလ ၁၉ ရက်၊ နေ့လယ်ပိုင်းက အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

“ရေနစ်သေဆုံးတာ မှန်ပါတယ်။ သူက တောင်ကြီးကပါ။ အေးသာယာက သူ့သူငယ်ချင်းဆီလာလည်တာ။ လာလည်ရင်းနဲ့ အေးသာယာကန်ကို သွားကြည့်ရင်း ငါးတွေ့တော့ ငါးဖမ်းရင်း ခြေချော်ပြီး ရေနစ်သေဆုံး တာပေါ့။” ဟု အေးသာယာနယ်မြေရဲစခန်းမှူး ရဲအုပ် ခင်မောင်သိန်း က ကမ္ဘောဇတိုင်း သို့ပြောသည်။

.

အဆိုပါ ရေနစ်သေဆုံးသူသည် တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်နေ အသက် ၁၉ နှစ်ရှိ ချစ်စန်းဝင်း ဆိုသူဖြစ်ပြီး ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် အေးသာယာနယ်မြေ ရဲစခန်းတွင် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

..

No comments:

Post a Comment

Journal Download

Photo of three cats

About