COVID-19 ရောဂါ ဖြစ်ပွားမှုတွင် မြန်မာက စင်္ကာပူကိုကျော်၍ အာဆီယံဒေသတွင်း တတိယအဆင့်သို့ ရောက်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, November 7, 2020

COVID-19 ရောဂါ ဖြစ်ပွားမှုတွင် မြန်မာက စင်္ကာပူကိုကျော်၍ အာဆီယံဒေသတွင်း တတိယအဆင့်သို့ ရောက်ရှိ

စိုင်းသိင်္ခသူ

.

COVID-19 ရောဂါ ဖြစ်ပွားမှုတွင် မြန်မာနိုင်ငံက စင်္ကာပူကိုကျော်တက်၍ အာဆီယံဒေသတွင်း တတိယအဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်ဟု သိရသည်။

.

.

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယမန်နေ့ နိုဝင်ဘာ ၆  ရက်၊ ည ၈ နာရီ အချိန် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ရောဂါကူးစက်ခံရသူ ဦးရေ ၅၉၂၇၇ ဦးရှိသွားပြီဖြစ်သဖြင့် အတည်ပြုလူနာ ၅၈၀၄၇ ဦးရှိသည့် စင်္ကာပူနိုင်ငံကို ကျော်တက်ကာ ကူးစက်မှုအမြင့်ဆုံး တတိယအဆင့်သို့ ရောက်ရှိသွားခြင်းဖြစ်သည်။

.

အာဆီယံနိုင်ငံများအတွင်း COVID-19 ရောဂါ ကူးစက်မှုအမြင့်ဆုံးနိုင်ငံမှာ လူးရေ ၄ ဒသမ ၃ သိန်းကျော် ကူးစက်ခံထား ရသည့် အင်ဒိုနီးရှားနိုင်ငံဖြစ်ပြီး ဒုတိယနေရာတွင် လူဦးရေ ၂ ဒသမ ၉ သိန်းကျော် ဖြင့် ဖိလစ်ပိုင်နိုင်ငံဖြစ်ကာ မြန်မာ နိုင်ငံက အာဆီယံဒေသတွင်း တတိယအဆင့်၌ ရပ်တည်နေခြင်းဖြစ်ကြောင်း သိရသည်။

.

နိုဝင်ဘာလ ၆ ရက်၊ ညပိုင်းအထိ ကမ္ဘာတစ်ဝှမ်းတွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၄၉ သန်းကျော် ရှိလာပြီဖြစ်ပြီး သေဆုံးသူ ၁၂ သိန်းကျော်နှင့် ပြန်လည်သက်သာလာသူ ၃၅ သန်းကျော် ရှိလာပြီဖြစ်ကာ မြန်မာနိုင်ငံက ရောဂါ ကူးစက်မှုတွင် ကမ္ဘာ့အဆင့် ၇၆ ၌ တည်ရှိနေကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About