နမ္မတူမြို့နယ်တွင် ၆ ဘီးယာဉ် တစ်စီး အရှိန်မထိန်းနိုင်ပဲ လမ်း​ဘေးသို့ ထိုးကျ တိမ်းမှောက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, November 14, 2020

နမ္မတူမြို့နယ်တွင် ၆ ဘီးယာဉ် တစ်စီး အရှိန်မထိန်းနိုင်ပဲ လမ်း​ဘေးသို့ ထိုးကျ တိမ်းမှောက်

စောဦး (ရတနာမြေ)

.

ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် နိုဝင်ဘာလ ၁၄ ရက်၊ နေ့လယ်  ၂ နာရီခွဲခန့်က CANTAR အမျိုးအစား၊ ခဲရောင် ၆ ဘီးယာဉ် တစ်စီး  အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ ချောင်းစပ်သို့ ထိုးကျ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.



ယာဉ်မောင်း ဦးဌေးကျော် မောင်းနှင်၍ ယာဉ်နောက်တွင် သီပေါမြို့နယ် နေ မုန်တိုင်း (ခ) ဇင်လင်းနိုင်နှင့် မြင့်စိုးတို့  လိုက်ပါလာသော CANTAR အမျိုးအစား၊ ခဲရောင် ၆ ဘီးယာဉ်သည် ၃၂ မိုင်တံတားအနီး ကုန်းအဆင်းတွင် အရှိန် မထိန်းနိုင်ဘဲ လမ်းယာဘက် ချောင်းစပ်သို့ ထိုးကျ တိမ်းမှောက်ခဲ့ခြင်း ဖြစ်​ကြောင်း သိရသည်။

.

ယာဉ် ထိုးကျ တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဦးဌေးကျော်တွင် ဦးခေါင်းဝဲဘက်ထိပ် ပေါက်ပြဲဒဏ်ရာ၊ ယာဘက်နံအောင့် ဒဏ်ရာ (မစိုးရိမ်ရ)၊ မုန်တိုင်း (ခ) ဇင်လင်းနိုင်တွင် ဝဲလက်ကောက် ပွန်းပဲ့ဒဏ်ရာ၊ ဝဲဘက်ဒူးပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ)၊ မြင့်စိုးတွင် ဝဲဘက်ပခုံး နာကျင်ဒဏ်ရာ  (မစိုးရိမ်ရ) အသီးသီး ရရှိခဲ့သဖြင့် နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့​ဆောင်၍ ဆေးကုသလျက် ရှိ​ကြောင်း သိရသည်။ 

.

အဆိုပါ ​မော်​တော် ယာဉ်အား မဆင်မခြင် မောင်းနှင်၍ ထိခိုက်ဒဏ်ရာများ ရရှိစေသူ ယာဉ်မောင်း ဦးဌေးကျော်အား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း နမ္မတူ မြို့မရဲစခန်းမှ သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About