အောင်ပန်း - ပင်းတယ သွား ကားလမ်းတွင် ယာဉ်တိုက်မှု ဖြစ်၍ အမျိုးသား ၂ ဦး ဒဏ်ရာများ ရရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, November 20, 2020

အောင်ပန်း - ပင်းတယ သွား ကားလမ်းတွင် ယာဉ်တိုက်မှု ဖြစ်၍ အမျိုးသား ၂ ဦး ဒဏ်ရာများ ရရှိ

စုလှိုင်

.

ကလောမြို့နယ်၊ အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်အောင်ပန်း-ပင်းတယ သွား ကားလမ်းပေါ်တွင် နိုဝင်ဘာလ ၁၉ ရက်၊ နေ့လယ်ပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းသူ အမျိုးသားနှင့် အတိုက်ခံရသူ အမျိုးသားတို့ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

.

အောင်ပန်းမြို့၊ ဇောတိကျေးရွာနေ မင်းကိုကိုနိုင် မောင်းနှင်ပြီး အောင်လွင်မိုး လိုက်ပါ စီးနင်းလာသည့် မော်တော်ဆိုင်ကယ်သည် ပင်းတယဘက်မှ အောင်ပန်းဘက်သို့ မောင်းနှင်လာစဉ် အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်၊ အောင်ပန်း -ပင်းတယ သွား ကားလမ်း မိုင်တိုင်အမှတ် ( 0 + 500 KM) နှင့် (1 + 500 KM) ကြား အရောက်တွင် လမ်းဖြတ်ကူးသူ အောင်ပန်းမြို့၊ အမှတ်()ရပ်ကွက်၊ အေးမြင့်သာယာရပ်နေသူ ဦးကျော်နိုင်အား ဝင် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.


ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ယာဉ်မောင်း မင်းကိုကိုနိုင်တွင် ဝဲမျက်ခုံး ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက် လက်ကောက်ဝတ်၊ နာကျင် ဒဏ်ရာ၊ ယာဘက်လက်မောင်း ပွန်းပဲ့ ဒဏ်ရာ (မစိုးရိမ်ရ)နှင့် လမ်းဖြတ်ကူးသူ ဦးကျော်နိုင်တွင် ဦးခေါင်း ဝဲဘက် ဂျိုစောင်း ဖူးရောင် (ကောင်းစွာ သတိမရ၊ စိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

.

အဆိုပါ မော်တော်ဆိုင်ကယ်အား မဆင်မခြင် မောင်းနှင်ပြီး အရှိန် မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးသူအား ဝင်ရောက် တိုက်မိခဲ့သဖြင့် မိမိနှင့် အခြားသူအား ဒဏ်ရာများ ရရှိစေသည့် မင်းကိုကိုနိုင်အား အောင်ပန်းနယ်မြေရဲစခန်းတွင် ယာဉ်(ပ) ၅၈/ ၂၀၂၀ရာဇသတ်ကြီးပုဒ်မ ၂၇၉/ ၃၃၇/ ၃၃၈ တို့ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About