.
တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ တောင်ကြီး- ဟိုပုံးသွား ပြည်ထောင်စုလမ်းမ မိုင်တိုင်(၁၁၉/၄)နှင့် (၁၁၉/၅) ကြား၌ နိုဝင်ဘာလ ၁၃ ရက်၊ ည ၇ နာရီခန့်က ယာဉ်တိုက်မှု ဖြစ်၍ ဆိုင်ကယ် မောင်းနှင်သူ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ ခွန်သိန်းတန် မောင်းနှင်လာသော မော်တော်ယာဉ်သည် အရှိန် မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိပြီး မျက်နှာချင်းဆိုင်ဘက်မှ တောင်ကြီးမြို့နယ်၊ မဲတောင်းကျေးရွာနေ ကိုဇေယျ မောင်းနှင်ပြီး မသင်းသင်းနှင့် မောင်ပိုင်ပိုင်တို့ လိုက်ပါ စီးနင်းလာသော မော်တော်ဆိုင်ကယ်အား ဝင် တိုက်မိခြင်း ဖြစ်ကြောင်း အမှတ်(၁၈)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုကြောင့် ကိုဇေယျတွင် ယာနားထင်သွေးထွက် ၊ နဖူးပေါက်ပြဲ သွေးထွက်၊ မေးစေ့အောက် ပွန်းပဲ့ ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ရပြီး မသင်းသင်းတွင် နဖူးပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းပွန်း၊ ယာလက်ညှိးပွန်း၊ ယာခြေသလုံး/ခြေမပွန်း ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ မော်တော်ယာဉ်အား မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း ခွန်သိန်းတန်အား တောင်ကြီး မြို့မရဲစခန်းတွင် ယာဉ်(ပ)၂၅/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ- ၂၇၉/ ၃၃၈/ ၃၀၄ -က ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
No comments:
Post a Comment