အေးသာယာတွင် မော်တော်ယာဉ်အား ဝင်တိုက်မိသည့် ဆိုင်ကယ်မောင်းသူ စိုးရိမ်ရ ဒဏ်ရာများ ရရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, November 4, 2020

အေးသာယာတွင် မော်တော်ယာဉ်အား ဝင်တိုက်မိသည့် ဆိုင်ကယ်မောင်းသူ စိုးရိမ်ရ ဒဏ်ရာများ ရရှိ

စုလှိုင်

.

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ဗိုလ်ချုပ်လမ်း၊ ဆက်သွယ်ရေးရုံး အနီးတွင် နိုဝင်ဘာလ ၃ ရက်၊ ည ၇ နာရီခွဲခန့်တွင် အရှိန် မထိန်းနိုင်ဘဲ မော်တော်ယာဉ်အား ဝင်ရောက် တိုက်မိခဲ့သည့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတွင် စိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

.

အေးသာယာမြို့၊ ရပ်ကွက် (၅)နေ ဦးစောမင်းလယ်သည် အေးသာယာမြို့ဘက်မှ ရွှေညောင်မြို့ဘက်သို့ ဗိုလ်ချုပ် လမ်းအတိုင်း ဆိုင်ကယ်အား မီး မထွန်းဘဲ ဦးတည် မောင်းနှင်စဉ် ဆက်သွယ်ရေးရုံး အနီးသို့ အရောက်၌ လက်ဝဲဘက်ရှိ ဆန့်ကျင်ဘက် ယာဉ်ကြောအတွင်းသို့ ကွေ့ ဝင်ရောက်ရာ ဆန့်ကျင်ဘက် ယာဉ်ကြောပေါ်ရှိ ရွှေညောင်မြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခြင်း ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

.


 

အဆိုပါ ယာဉ် တိုက်မှုကြောင့် ဆိုင်ကယ် မောင်းနှင်သူ ဦးစောမင်းလယ်တွင် ဦးခေါင်းယာဖက် ကွဲအက်ဒဏ်ရာ၊ ဝဲလက်ဖျံ ပွန်းပဲ့ ဒဏ်ရာ၊ ယာခြေခုံ ပွန်းပဲ့ဒဏ်ရာ၊ ယာဒူး ပွန်းပဲ့ဒဏ်ရာ (စိုးရိမ်ရ)များ ရရှိခဲ့သဖြင့် စဝ်စံထွန်း ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

.

ယင်းကဲ့သို့ မော်တော်ဆိုင်ကယ်အား မီးမထွန်းဘဲ မဆင်မခြင် မောင်းနှင်ပြီး တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိ၍ ယာဉ်တိုက်မှု ဖြစ်စေကာ မိမိကိုယ်ကို ဒဏ်ရာများ ရရှိစေသူ ဦးစောမင်းလယ်အား အေးသာယာနယ်မြေ ရဲစခန်းတွင် ယာဉ်(ပ) ၃၀ /၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၂၇၉/ ၃၃၇ /၃၃၈ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About