တောင်ကြီးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးခွဲ ဖွင့်လှစ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, November 14, 2020

တောင်ကြီးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးခွဲ ဖွင့်လှစ်မည်

ရှမ်းပြည်နယ် မြို့တော်၊ တောင်ကြီးမြို့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးခွဲကို လာမည့် နိုဝင်ဘာလ ၁၉ ရက်တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

.

“ ၁၉ ရက်၊ ကြာသပတေးနေ့မှာ ဖွင့်မယ်။ လောလောဆယ် သူတို့ ဝန်ထမ်းတွေတော့ ရောက်နေပြီ။ လုပ်ငန်း ဆောင်ရွက်တာကိုတော့ အရပ်ဘက်အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေနဲ့ ထပ် ဖွဲ့ရဦးမယ်။” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.


 

အဆိုပါ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် တောင်ကြီးရုံးခွဲကို တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရထားသံလမ်းအနီးတွင် ဆောက်လုပ်ထားခြင်း ဖြစ်သည်။

.

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးချုပ်ကို နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျဌာနီလမ်းတွင် ဖွင့်လှစ်ထားပြီး ကော်မရှင်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရန်၊ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန်၊ အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မား တိုးတက်လာစေရန်၊ အဂတိ လိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင် ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှု မရှိစေရေး အတွက် အကာအကွယ်ပေးရန်၊ အဂတိလိုက်စားမှု ကျူးလွန်သူများအား ထိရောက်စွာ အရေးယူရန်တရားဥပဒေ စိုးမိုးရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍများ၌ ပိုမို ပွင့်လင်းမြင်သာမှု ရှိပြီး ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About