ပုံမှန် ဝင်ငွေမရှိသူများ ထောက်ပံ့ကြေးငွေ မရပါက တိုင်ကြားနိုင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, November 17, 2020

ပုံမှန် ဝင်ငွေမရှိသူများ ထောက်ပံ့ကြေးငွေ မရပါက တိုင်ကြားနိုင်

တောင်ကြီးမြို့နယ် အတွင်းရှိ ပုံမှန် ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအား COVID-19 ဖြစ်ပွားစဉ် ကာလအတွင်း စားသောက်ရေး အဆင်ပြေစေရန် ငွေကြေးထောက်ပံ့ရာတွင် ရသင့်ရထိုက်သည့် အိမ်ထောင်စုများအနေဖြင့် သတ်မှတ် ထောက်ပံ့ငွေ မရပါက တိုင်ကြားနိုင်ကြောင်း တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

.

“ မရဘူးဆိုရင် မရသလို တိုင်ပေါ့၊ ရပ်ကွက်က စာရင်းတော့ အရင် ကြည့်ရမှာပေါ့။ Stay at Home မြို့နယ်ဆိုရင် ၄၀၀၀၀ ကျပ် ရမယ်။ တောင်ကြီးမြို့နယ်က Stay at Home မဟုတ်တဲ့အတွက် ၂၀၀၀၀ ကျပ်ပဲ ရမယ်။ တိုင်ကြားလာလို့ ရှိရင် ဖြစ်စဉ်ကို စိစစ်သွားမှာပေါ့။”ဟု တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး စိုင်းကျော်ထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.


 

နိုင်ငံတော်မှ ငွေကြေးထောက်ပံ့မှုများအား ပုံမှန် ဝင်ငွေ မရှိသော အခြေခံ လူတန်းစား လက်ဝယ်သို့ မှန်ကန်စွာ ရောက်ရှိစေရေးအတွက် တိုင်ကြားစာ ဖြေရှင်းရေးဌာနကို မြို့နယ်အလိုက် ဖွင့်လှစ်ထားခြင်း ဖြစ်ကာ တောင်ကြီးမြို့နယ်တွင် တာဝန်ခံအဖြစ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး စိုင်းကျော်ထွန်းနှင့် ဝန်ထမ်း ၄ ဦးမှ ဆောင်ရွက်ကြမည် ဖြစ်သည်။

.

အဆိုပါ တောင်ကြီးမြို့နယ် တိုင်ကြားစာ ဖြေရှင်းရေးဌာနသို့ ဆက်သွယ် တိုင်ကြားမှုများ ပြုလုပ်လိုပါက လူ ကိုယ်တိုင် ဖြစ်စေ၊ ဖုန်းနံပါတ် ၀၈၁၂၁၂၁၆၉၁ နှင့် ၀၉၄၅၄၉၉၇၀၈၀ သို့ ဖြစ်စေ တိုင်ကြားနိုင်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About